ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသူတွေကို ပြန်လည်စိစစ်လက်ခံရေး စခန်း ၂ ခု ဖွင့်လှစ်မည်

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ ဥက္ကဌ ဒေါက်တာဝင်းမြတ်အေး ကို တွေ့ရစဉ်။ Photo: Win Ko Ko Latt/RFA
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့သူတွေအတွက် ပြန်လည်စိစစ်လက်ခံရေး စခန်းတွေကို တောင်ပြိုလက်ဝဲနဲ့ ငခူရကျေးရွာတွေမှာ ဖွင့်လှစ်ဖို့ စီစဉ်ထားတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

ရခိုင်အရေးအကြံပြုချက်တွေကို အကောင်အထည်ဖော်ရေးကော်မတီဟာ နေပြည်တော်မှာ ဒီနေ့ အစည်းအဝေး ကျင်းပပြီးနောက် ဒေါက်တာဝင်းမြတ်အေး က သတင်းသမားတွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လူပေါင်း လေးသိန်းကျော် ထွက်ပြေးသွားတယ်လို့ နိုင်ငံတကာမီဒီယာတွေနဲ့ ကုလသမဂ္ဂက ခန့်မှန်းပြောဆိုထား တာတွေ ရှိပါတယ်။

မြန်မာအစိုးရကတော့ ၁၉၉၃ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နဲ့ သဘောတူညီထားတဲ့ အချက်တွေအတိုင်း စိစစ်လက်ခံ မယ်လို့ ပြောထားပါတယ်။

ဒါ့အပြင် အစိုးရအနေနဲ့ ၂၀၁၈ ခုနှစ်ကုန်မှာ ရသေ့တောင်၊ ဘူသီးတောင်နဲ့ မောင်တောဒေသက အိမ်ခြေ ၃သောင်းနီးပါး မီးလင်းအောင် ဆောင်ရွက်မှာဖြစ်သလို လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍတွေမှာ တိုးတက်အောင်ဆောင်ရွက်မယ်လို့လည်း ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

ဒီကနေ့ အစည်းအဝေးကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုအပါအ၀င် ဌာနဆိုင်ရာတွေက အမြဲတမ်းအတွင်းဝန်၊ ညွှန်ချုပ်အဆင့်ရှိအရာရှိကြီးတွေလည်း တက်ရောက်ကြပါတယ်။

RFA Burmese
http://www.rfa.org/burmese
ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသူတွေကို ပြန်လည်စိစစ်လက်ခံရေး စခန်း ၂ ခု ဖွင့်လှစ်မည် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသူတွေကို ပြန်လည်စိစစ်လက်ခံရေး စခန်း ၂ ခု ဖွင့်လှစ်မည် Reviewed by THITHTOOLWIN on 20:45 Rating: 5
Powered by Blogger.