မြန်မာနိုင်ငံတွင် ဘာသာရေး စစ်ပွဲဆင်နွှဲမည်ဟု ဘင်္ဂလားဒေ့ရှ် အစွန်းရောက်အုပ်စု ခြိမ်းခြောက်


ရန်ကုန် စက်တင်ဘာ ၁၆

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အခြေစိုက်ထားသည့်အစွန်းရောက် အစ္စလာမ္မစ်အုပ်စုတစ်ခုဖြစ်သောHefazet-e-Islam က ရခိုင်ပြည် နယ်တွင်ဖြစ်ပွားနေသော မတည် ငြိမ်မှုများကြောင့် မြန်မာနိုင်ငံအား ဘာသာရေးစစ်ပွဲဆင်နွှဲသွားမည် ဟု ခြိမ်းခြောက်ခဲ့ကြောင်း ဒါကာ ထရီဗျူးသတင်းဌာနက ဖော်ပြ သည်။

Hefazet-e-Islam သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း၌ ပြီး ခဲ့သည့်နှစ်ပိုင်းများအတွင်း ပြုပြင် ပြောင်းလဲမှုများပြုလုပ်လိုသည့် တက္ကသိုလ်ကျောင်းသားများနှင့် ဆရာများကို လုပ်ကြံသတ်ဖြတ်ခဲ့ သည့် အစွန်းရောက်အုပ်စုတစ်ခု ဖြစ်သည်။

Hefazet-e-Islam က ထုတ်ပြန်သော သတင်းထုတ်ပြန် ချက်အတွင်း၌ အဖွဲ့ဝင်များအနေ ဖြင့် မြန်မာနိုင်ငံနှင့်မြန်မာနိုင်ငံရှိ လုံခြုံရေးအဖွဲ့ဝင်များကို ပစ်မှတ် ထားသည့်တုံ့ပြန်မှုများပြုလုပ်ရန် ရည်မှန်းချက်ရှိနေကြောင်း၊ ရခိုင် ပြည်နယ်တွင် ဆောင်ရွက်လျက်ရှိ သော လုံခြုံရေးနှင့်ဆိုင်သော လုပ် ငန်းစဉ်များအား ရပ်တန့်ခြင်းမရှိ ပါက ရည်မှန်းချက်များကို စတင် အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံကို ပစ် မှတ်ထားသည့် ဘာသာရေးစစ်ပွဲ ဆင်နွှဲသွားမည်ဖြစ်ကာ ရည်မှန်း ချက်အောင်မြင်သည်အထိ ဆောင် ရွက်မည်ဖြစ်ကြောင်းဖော်ပြသည်။

NG
The Union Daily
https://www.facebook.com/uniondaily.net/
မြန်မာနိုင်ငံတွင် ဘာသာရေး စစ်ပွဲဆင်နွှဲမည်ဟု ဘင်္ဂလားဒေ့ရှ် အစွန်းရောက်အုပ်စု ခြိမ်းခြောက် မြန်မာနိုင်ငံတွင် ဘာသာရေး စစ်ပွဲဆင်နွှဲမည်ဟု ဘင်္ဂလားဒေ့ရှ် အစွန်းရောက်အုပ်စု ခြိမ်းခြောက် Reviewed by THITHTOOLWIN on 18:14 Rating: 5
Powered by Blogger.