နေပြည်တော် စက်တင်ဘာ ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့၊ ဝဏ္ဏဒီပရပ်ကွက်၊ စွယ်တော်(၁၄)လမ်းနှင့် ဧရာဝတီ(၁၀)လမ်းထောင့်တွင် အိမ်ရှင် ဦးမောင်စိုး၊ (ရန်ကုန်မြို့တွင်နေထိုင်သူ)၊ အိမ်ငှား ဒေါ်မြမြဝင်း နေထိုင်သည့် ၄ ပင် ၃ ပင် (သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း) အိမ်မှာ ယနေ့မွန်းလွဲ ၁ နာရီ ၂၅ မိနစ် အချိန်တွင် လျှပ်စစ်ပေါင်းအိုး အပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်ရာနေရာသို့ ပုဗ္ဗသီရိမြို့နယ် မိးသတ်ဦးစီးမှူး ဦးဇော်မျိုးအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင် ၃၀ ဦးတို့က မီးသတ်ယာဉ် (၄)စီးဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ၁၃ နာရီ ၃၅ မိနစ်တွင် မီးညွှန့်ကျိုးခဲ့ပြီး ၁၃ နာရီ ၄၀ မိနစ် တွင် လုံးဝမီးငြိမ်းသွားကြောင်း သိရသည်။
မီးလောင်ကျွမ်းမှုကြောင့် ၄ ပင် ၃ ပင်အိမ်၊ ကာလတန်ဖိုး ကျပ်ကိုးသိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် လူနှင့်တိရိစ္ဆာန်များ ထိခိုက်ပျက်စီးမှု မရှိခဲ့ကြောင်းသိရသည်။
ဥတ္တရခရိုင် ပြန်/ဆက်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ပုဗ္ဗသီရိမြို့နယ်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
18:05
Rating:
