ကုန်တင်ယာဉ်ဖြင့် ဆိုင်ကယ်အားတိုက်မိ၍ ကျောင်းသားနှစ်ဦးသေဆုံး

ပြည့်ဝလ္ဘက်​ရည်​ဆိုင်​ ​မြောက်​ဘက်​ ၁၂ဘီးကားက ​ကျောင်းသား​လေး​တွေ စီးလာတဲ့ ဆိုင်​ကယ်​ကို ဝင်​တိုက်​မိသဖြင့်​ ​ကျောင်းသား​လေး၂ဦး​သေဆုံး။ ဓါတ်ပုံ - ဝဏ္ဏကျော်
မြင်းခြံ ၊ စက်တင်ဘာ - ၁၄

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ အမှတ် (၁၅) ရပ်ကွက်ထိပ် ဗိုလ်ချုပ်လမ်းမပေါ်တွင် ကုန် တင်ယာဉ် (၁၀) ဘီးကားဖြင့် ဆိုင်ကယ်အားတိုက်မိ၍ ဆိုင်ကယ်လဲကျပြီးဆိုင်ကယ်ပေါ်ပါလာသူ ကျောင်းသား နှစ်ဦးအခင်းဖြစ်နေရာတွင်သေဆုံးကြောင်းကို စက်တင်ဘာ (၁၄) ရက်၊ ညနေ (၃း၃၀) အချိန်တွင် သိရှိရသည်။

မြင်းခြံမြို့၊ အမှတ် (၁၅) ရပ်ကွက်ထိပ် ဗိုလ်ချုပ်လမ်းမပေါ်တွင် မြောက်မှတောင်သို့ ရေတာ ရှည်မြို့နယ်၊ ရွှေသပြေကျေးရွာနေ ကျော်သိန်း (ခ) မှတ်ကြီး မောင်းနှင်လာသည့် 9A/----- (၁၀) ဘီးကားနှင့် မောင်ရှိန်းပိုင်ဦးမောင်းနှင်၍ မောင်သြပိုင်ဦး၊ မောင်ရှိန်းဆက်ညီ ညီအစ်ကိုသုံးဦးတို့ လိုက်ပါလာသော Honda Scoopy အဖြူရောင်မော်တော်ဆိုင်ကယ်တို့ တိုက်မိပြီး (၉) တန်းကျောင်းသား မောင်သြပိုင်ဦးနှင့် (၅)တန်းကျောင်းသား မောင်ရှိန်းဆက်ညီ တို့သည် အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ကြောင်းနှင့် မောင်ရှိန်းပိုင်ဦးမှာ ဒဏ်ရာများရရှိခဲ့၍ပြည်သူ့ဆေးရုံတွင် ဆေးကုသ လျှက်ရှိကြောင်း သိရှိရသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်အား မြင်းခြံမြို့မရဲစခန်းမှ ဒုရဲအုပ်စောအဲ့ထူးမှ မော်တော်ယာဉ်အား မဆင်မခြင်မောင်းနှင်သူ ကျော်သန်း(ခ)မှတ်ကြီး အားဖမ်းဆီးအရေးယူဆောင်ရွက် ထားကြောင်းသိရှိရသည်။

ဦးဇော်မင်းနိုင် ( မြင်းခြံ )
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ကုန်တင်ယာဉ်ဖြင့် ဆိုင်ကယ်အားတိုက်မိ၍ ကျောင်းသားနှစ်ဦးသေဆုံး ကုန်တင်ယာဉ်ဖြင့် ဆိုင်ကယ်အားတိုက်မိ၍ ကျောင်းသားနှစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 19:55 Rating: 5
Powered by Blogger.