ပြင်သစ်နိုင်ငံ အရှေ့ မြောက်ပိုင်းတွင် မိသားစုဝင် ၄ ဦး သေနတ်ပစ်ခံရ

ပြင်သစ်နိုင်ငံ၌ မိသားစုဝင် လေးဦး သေနတ်ပစ်ခတ်ခံရပြီးနောက် လုံခြုံရေးတပ်ဖွဲ့ ဝင်များ ရှင်းလင်းနေစဉ်(ဓာတ်ပုံ-အင်တာနက်)
    ပါရီ ၊ စက်တင်ဘာ ၁၁ ရက်(ဆင်ဟွာ)

    အသက် ၄နှစ် နှင့် ၅ နှစ် အရွယ် ကလေးငယ် နှစ်ဦး နှင့် ၄င်းတို့ ၏ မိခင် အပါအဝင် မိသားစု တစ်ခုတည်းမှ မိသားစုဝင်  လေးဦးတို့ သည် ပြင်သစ်နိုင်ငံ အရှေ့ မြောက်ပိုင်း Oise ဒေသရှိ ဘူတာရုံတစ်ခု၌ စက်တင်ဘာလ ၁ဝ ရက် နံနက် ၁၁ နာရီခွဲ တွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြခဲ့သည်။

ပြင်သစ်နိုင်ငံထုတ် Le Parisien နေ့ စဉ်သတင်းစာက ရေးသားရာတွင် ၄င်းမိသားစုသည် မိတ်ဆွေသူငယ်ချင်းတစ်ဦး၏ အကူအညီဖြင့် မြို့ မှထွက်ခွာစဉ် သေနတ်သမား နှစ်ဦး ၏ ပစ်ခတ် လုပ်ကြံမှု ခံရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ပစ်ခတ်မှုတွင် ပါဝင်သည့် သံသယရှိသူတစ်ဦးမှာ မိမိကိုယ်ကို အဆုံးစီရင်သွားကြောင်း သတင်းစာက ဆိုသည်။

 အခြားသတင်းဌာနများ အဆိုအရ သံသယရှိသူမှာ ကလေး နှစ်ယောက် ဖခင်တစ်ဦးဖြစ်ကြောင်း သိရသည်။အခြား သံသယ တရားခံတစ်ဦးမှာ ထွက်ပြေးစဉ် လုံခြုံရေးတပ်ဖွဲ့ ဝင်များ၏ ဖမ်းဆီးခြင်းခံရသည်။ အခင်းဖြစ် Noyon ရထားဘူတာရုံကို ပိတ်ထားပြီး လုံခြုံရေးတပ်ဖွဲ့ ဝင်များက ရဟတ်ယာဉ်တစ်စင်းကို အသုံးပြု၍ မြို့ တွင်း ရှာဖွေ မှုကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

(Xinhua)
http://xinhuamyanmar.com
ပြင်သစ်နိုင်ငံ အရှေ့ မြောက်ပိုင်းတွင် မိသားစုဝင် ၄ ဦး သေနတ်ပစ်ခံရ ပြင်သစ်နိုင်ငံ အရှေ့ မြောက်ပိုင်းတွင် မိသားစုဝင် ၄ ဦး သေနတ်ပစ်ခံရ Reviewed by THITHTOOLWIN on 10:44 Rating: 5
Powered by Blogger.