အာမာဟာရီကိန်း ဒဏ်အတွက် ပြင်ဆင်

အင်အားကြီးမားတဲ့ အာမာမုန်တိုင်း
ကရစ်ဘီယံကျွန်းစုဒေသမှာ အပျက်အစီး အများကြီးဖြစ်စေတဲ့ အာမာ ဟာရီကိန်း မိုန်တိုင်းကြီး ဝင်ရောက်လာမယ့် အန္တရာယ်အတွက် ဟေတီနဲ့ တပ်ခ်နဲ့စယာကို ကျွန်းတွေက ပြင်ဆင်နေကြပါတယ်။

ဆင်းရဲနွမ်းပါးတဲ့ ဟေတီနိုင်ငံဟာ ၂၀၁၀တုန်းက ငလျင်ဒဏ်ကြောင့်လမ်းပန်း ဆက်သွယ်ရေးတွေ ပြန်ထူထောင်နေရတဲ့အတွက် အခုမုန်တိုင်းမှာ ထိခိုက်ပျက်စီးမှု များမှာစိုးရိမ်ရပါတယ်။ နောက်တခါ မြေနိမ့်တဲ့ တပ်ခ်နဲ့ စီယာကို ကျွန်းတွေမှာလည်း မုန်တိုင်းအရှိန်ကြောင့် ပေ၂၀လောက်အထိ မြင့်မားတဲ့ ဒီလှိုင်းကြီးတွေရဲ့ အန္တရာယ်ရှိနေပါတယ်။

အာမာဟာ ဟေတီနဲ့တပ်တို့ကနေ နောက်ထပ် ဉီးတည်မှာကတော့ ကျူးဘားနိုင်ငံဖြစ်ပါတယ်။ အဲဒီကနေအမေရိကန် ပြည်ထောင်စုက ဖလော်ရီဒါပြည်နယ်ကို ဉီးတည်မှာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ တက်ဆပ်ပြည်နယ်မှာ ဟာဗေးဟာရီကိန်း မုန်တိုင်းကြောင့် ရေလွှမ်းမိုးမှုအကြီးအကျယ်ဖြစ်ပြီး တပတ်မပြည့်ခင်မှာပဲ ဖလော်ရီဒါက အင်အား အပြင်းဆုံးမုန်တိုင်းကြီး တခုဖြစ်တဲ့ အာမာကိုကြံ့ကြံ့ခံ ရင်ဆိုင်ဖို့ပြင်ဆင်နေပါတယ်။

မုန်တိုင်းရဲ့တိုက်ခတ်တဲ့ လမ်းကြောင်း ရွေ့နေပေမယ့် ကရစ်ဘီယံဒေသ အခြေအနေကို တိုင်းထွာနေတဲ့ အမေရိကန် အမျိုးသား ဟာရီကိန်း စင်တာကတော့ ဖလောရီဒါကို သက်ရောက်မယ့် ပြင်းအားက ပိုကြီးလာနေတယ်လို့ ပြောပါတယ်။

ဟာရီကိန်း ဒဏ်ခံနိုင်အောင် ကြိုတင်လေ့ကျင့်မှုတွေ လုပ်ရတာရိုးနေပြီဖြစ်တဲ့ ဖလော်ရီဒါ ပြည်သူတွေဟာ စောစော ပြင်ဆင်မှုလုပ်နေကြပါပြီ။ ပြည်နယ်က ထွက်ခွာတဲ့ လေယာဉ်တွေလူပြည့်နေပြီး မြောက်ပိုင်းကို ကားနဲ့ထွက်ခွာလို့ လမ်းတွေလည်း ယာဉ်ကြောပိတ်နေ ပါတယ်။

လူတွေဟာ ဘက်ထရီ လက်နှိပ်ဓါတ်မီး စားစရာတို့ဝယ်ယူစုဆောင်းကြတဲ့အတွက် သောက်ရေ ဘူးတွေတောင်ရှားစပြုလာနေပါပြီ။ ပြည်နယ်အုပ်ချုပ်ရေးမှူး ရစ်စကော့က အခုလာမယ့် မုန်တိုင်းကို အလေးထားပြင်ဆင်ကြဖို့ တိုက်တွန်းပြီးအစိုးရက အမျိုးသားအစောင့်တပ်သား နဲ့စစ်သားတွေ တာဝန်ချထားကြောင်းပြောပါတယ်။

အခုအခါ ဟေတီကျွန်းမှာ လေပြင်းတွေ တိုက်နေပြီး အခုတနင်္ဂနွေလောက် ဖလော်ရီဒါ ကုန်းတွင်းပိုင်း ကိုမဝင်ရောက်မီ အာမာဟာရီကိန်း မုန်တိုင်းကြီးဟာ ကျူးဘားနဲ့ ဘဟားမားတို့ကိုဉီးတည် တိုက်ခိုက်နိုင်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
အာမာဟာရီကိန်း ဒဏ်အတွက် ပြင်ဆင် အာမာဟာရီကိန်း ဒဏ်အတွက် ပြင်ဆင် Reviewed by THITHTOOLWIN on 08:07 Rating: 5
Powered by Blogger.