သံတမန်တွေနဲ့ ကုလ တာဝန်ရှိသူတွေရဲ့ ရခိုင်ခရီးစဉ် ရွှေ့ဆိုင်း

ရာသီဥတု အခြေအနေ ဆိုးရွားနေတဲ့ အတွက် ရခိုင် ကို သွားရောက်မယ့် လေယာဉ် ခရီးစဉ် တွေကို ဖျက်သိမ်း
ကုလသမဂ္ဂ အဖွဲ့ က တာဝန်ရှိသူတွေ ရခိုင် ဒေသ ကို စက်တင်ဘာလ ၂၈ ရက်နေ့မှာ သွားရောက်မယ့် အစီအစဉ်ကို ရာသီဥတု အခြေအနေကြောင့် အာဏာပိုင်တွေ ဘက် က ဖျက်သိမ်း လိုက်တယ်လို့ ကုလ တာဝန် ရှိသူ တစ်ဉီး က ပြောပါတယ်။

လေဆိပ်မှာ ရာသီဥတု အခြေအနေ ဆိုးရွားနေတဲ့ အတွက် လေယာဉ် ခရီးစဉ် တွေကို ဖျက်သိမ်း ခဲ့ရတာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ် အစိုးရ တာဝန် ရှိသူ က ပြောပါတယ်။

ရခိုင်မှာ လွန်ခဲ့တဲ့ တစ်လ က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ နဲ့ အဲဒီ က ထွက်ပြေးလာတဲ့ ထောင်ပေါင်းများစွာ သော လူတွေ အရေး ကိစ္စ ကို စုံစမ်း စစ်ဆေး ဖို့ ကုလသမဂ္ဂ အဖွဲ့ က မြန်မာ အစိုးရကို ဖိအားပေး တိုက်တွန်း နေတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ အဖွဲ့ တာဝန်ရှိသူတွေနဲ့ သံတမန်တွေ ရခိုင် ဒေသကို သွားရောက်မယ့် ခရီးစဉ် ကို အောက်တိုဘာလ ၂ ရက်နေ့ ကို ရွှေ့ဆိုင်း လိုက်တယ်လို့ ဘီဘီစီ က စုံစမ်း သိရှိရပါတယ်။

ရဲဘော်ကျ ကျေးရွာမှာ တွေ့ရှိရတဲ့ ဟိန္ဒူ အလောင်း ၄၅ လောင်းနဲ့ ပတ်သက်လို့ သတ်ဖြတ် ခဲ့သူတွေကို ဖမ်းဆီး အရေးယူနိုင်ဖို့ ကြိုးပမ်း နေတယ်လို့ မြန်မာ နယ်ခြားစောင့် တပ်ဖွဲ့မှူး က ဘီဘီစီ ကိုပြောကြားပါတယ်။

အဲဒီ့ ဒေသမှာ ဟိန္ဒူ ၉၃ဉီး ပျောက်ဆုံး နေတယ်လို့ သတင်းတွေ ထွက်ပေါ် နေတာ ကြောင့် ဆက်လက် ရှာဖွေမှု တွေ လုပ်နေပါတယ်။

BBC Burmese
http://www.bbc.com/burmese
သံတမန်တွေနဲ့ ကုလ တာဝန်ရှိသူတွေရဲ့ ရခိုင်ခရီးစဉ် ရွှေ့ဆိုင်း သံတမန်တွေနဲ့ ကုလ တာဝန်ရှိသူတွေရဲ့ ရခိုင်ခရီးစဉ် ရွှေ့ဆိုင်း Reviewed by THITHTOOLWIN on 19:11 Rating: 5
Powered by Blogger.