မြင်းခြံမြို့ မဟာရတနာပုံသာဆု​တောင်းပြည့်​​စေတီ​တော်​မြတ်​ကြီး၏ ဒုတိယပစ္စယံ မိုးကြိုးထိမှန်​မှုဖြစ်​ပွား၊ စိန်​ဖူး​တော်​ ​မြေခ


မြင်းခြံမြို့၊ အမှတ်​ ၂ရပ်​ကွက်​ရှိ ​ရွှေဘုံသာပရိယတ္တိစာသင်​တိုက်​အတွင်း တည်​ထားကိုးကွယ်​ထားရှိ​သော ဉာဏ်​​တော်​ ၄၅​တောင်​ရှိ မဟာရတနာပုံသာဆု​တောင်းပြည့်​​စေတီ​တော်​မြတ်​ကြီး၏ ဒုတိယပစ္စယံအား စက်​တင်​ဘာ ၁၆ရက်​ ည​နေ ၅နာရီခွဲအချိန်​က မိုးကြိုးထိမှန်​မှုဖြစ်​ပွားခဲ့သည်​။

အဆိုပါ မိုးကြိုးထိမှန်​မှု​ကြောင့်​ တုန်​ခါအားဖြစ်​​ပေါ်ကာ ည​နေ ၆နာရီ ၅၀မိနစ်​တွင်​ ​စေတီ​တော်​ကြီး၏ စိန်​ဖူး​တော်​ ​မြေခမှု ထပ်​မံဖြစ်​ပွားခဲ့သည်​။

မြေခခဲ့​သော စိန်​ဖူး​တော်​အား ရွှေဘုံသာပရိယတ္တိစာသင်​တိုက်​ ​ကျောင်းထိုင်​ဆရာ​တော်​ ဦး​ခေမာစာရမှ ထိန်းသိမ်းထားကြာင်း သိရသည်​။

The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/
မြင်းခြံမြို့ မဟာရတနာပုံသာဆု​တောင်းပြည့်​​စေတီ​တော်​မြတ်​ကြီး၏ ဒုတိယပစ္စယံ မိုးကြိုးထိမှန်​မှုဖြစ်​ပွား၊ စိန်​ဖူး​တော်​ ​မြေခ  မြင်းခြံမြို့ မဟာရတနာပုံသာဆု​တောင်းပြည့်​​စေတီ​တော်​မြတ်​ကြီး၏ ဒုတိယပစ္စယံ မိုးကြိုးထိမှန်​မှုဖြစ်​ပွား၊ စိန်​ဖူး​တော်​ ​မြေခ Reviewed by THITHTOOLWIN on 18:49 Rating: 5
Powered by Blogger.