ဝါးဆစ်ပိတ်တုတ်ဖြင့်ရိုက်ကာ လုယက်မှုကျူးလွန်းသူများ ဖမ်းမိ

ဒလမြို့နယ်တွင် ဖြစ်ပွားခဲ့သော လုယက်မှုကျူးလွန်းသူများအား ရဲတပ်ဖွဲ့မှ အချိန်တိုအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ
ရန်ကုန်၊ စက်တင်ဘာ ၁၇

စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၀၂း၀၀ အချိန်ခန့်တွင် ဒလမြို့နယ်၊ ညောင်းကုန်းရပ်ကွက်၊ ဧရာဝတီ ၂ လမ်းနေ ဆိုင်ကယ်ကယ်ရီမောင်းသူ ကိုလှိုင်မင်းသူသည် သမ္ဗာန်ဆိပ်မှ ခရီးသည်ပို့ပြီးနောက် အမှတ် ၉ ရပ်ကွက်သို့ ပြန်လာစဉ် ၁၁ ကွေ့အရောက်၌ နောက်ဘက်မှနေ၍ လူငယ် ၄ ဦး စီးနင်းမောင်းနှင်လာသော ဆိုင်ကယ်စီးလူငယ်များမှ ၎င်းအား ၀ါးဆစ်ပိတ်တုတ်ဖြင့် ရိုက်သဖြင့် လဲကျသွားခဲ့သည်။

 အဆိုပါ လူငယ် ၄ ဦးမှ ”ဓားထုတ် ဓားထုတ် ” ဟုပြောသံကြားရသဖြင့် ၎င်းပိုင်ဆိုင်ကယ်အား
ထားကာ အမှတ် ၉ ရပ်ကွက်အတွင်းသို့ ထွက်ပြေးခဲ့ပြီး အော်ဟစ်အကူညီတောင်းခံခဲ့ကြောင်း သိရသည်။

၎င်းနောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ အဆိုပါနေရာသို့သွားရောက်၍ ဆိုင်ကယ်အားကြည့်ရှုရာ ဆိုင်ကယ်မှာ ပျောက်ဆုံးနေကြောင်းနှင့် ၎င်းတွင် အဆိုပါ လူငယ် ၄ ဦးမှ ၀ါးဆစ်ပိတ် တုတ်နှင့်ရိုက်သဖြင့် ကျောကုန်းဖူးရောင်းဒဏ်ရာရရှိကာ ဒလမြို့နယ်၊ ပြည်သူဆေးရုံတွင် ပြင်ပလူနာ(မစိုးရိမ်ရ)အဖြစ် ဆေးကုသမှုခံယူရကြောင်း တိုင်တန်းချက်အရ ဒလမြို့မ ရဲစခန်း (ပ) ၇၃၄/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့သည်။

အမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေဖမ်းဆီးဆောင်ရွက်ခဲ့ရာ ဒလမြို့နယ်၊ ညောင်ကုန်းရပ်ကွက်၊ ဧရာဝတီ ၂ လမ်းထိပ်ရှိ သက်ကိုဦး၏နေအိမ်အတွင်းမှ ပြစ်မှုကျူးလွန်စဉ် အသုံးပြုခဲ့သည့် အနီရောင်၊ Kenbo အမျိုးအစား ၅၇ယ/--------နှင့်အတူ သက်ကိုဦး၊ (၂၅)နှစ်အား ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူ သက်ကိုဦးအား စစ်ဆေးရာ ၎င်းနှင့်အတူ ပြစ်မှုကျူးလွန်းရာတွင် ဒလမြို့နယ်နေသူများဖြစ်ကြ သည့် ကိုရဲ(၁၉)နှစ်၊ အောင်ကြည်(၁၈)နှစ်၊ ရန်နိုင်ထွန်း တို့ပါဝင်ကြောင်း စစ်ဆေးသိရှိသဖြင့် ဖမ်းဆီးရမိရေးစုံစမ်းဆောင်ရွက်ခဲ့ရာ ယင်းနေ့နံနက် ၀၃း၅၅ အချိန်တွင် ၎င်းတို့နေထိုင်ရာနေအိမ်အသီးသီးမှ ဖမ်းဆီးရမိခဲ့ပြီး အမှုမှပါဆုံး ဆိုင်ကယ် ၅၆ယ/--------အား အခင်းဖြစ်နေရာနှင့် ကိုက် ၁၀၀ခန့် အကွာရှိ ရေကန်ဘေးတွင် ဇက်သော့ခတ်ကာ ၀ှက်ထားကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

ဖမ်းဆီးရမိသူ သက်ကိုဦးပါ (၄)ဦးတို့အား အမှုဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်းနှင့် အမှုမှပါဆုံး သက်သေခံ ဆိုင်ကယ်အား ပြန်လည်သိမ်းဆည်းနိုင်ခဲ့ပြီး ၎င်းတို့ ၄ ဦးအား အခြားလုယက်များကျူးလွန်းခြင်း ရှိ မရှိ တိုက်ဆိုင်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
ဝါးဆစ်ပိတ်တုတ်ဖြင့်ရိုက်ကာ လုယက်မှုကျူးလွန်းသူများ ဖမ်းမိ ၀ါးဆစ်ပိတ်တုတ်ဖြင့်ရိုက်ကာ လုယက်မှုကျူးလွန်းသူများ ဖမ်းမိ Reviewed by THITHTOOLWIN on 18:32 Rating: 5
Powered by Blogger.