မြ၀တီမြို့ တွင် လက်နက်ခဲယမ်းများနှင့်အတူ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ


စက်တင်ဘာ - ၁၄ - ၂၀၁၇

ကရင်ပြည်နယ်မြ၀တီမြို့ တွင် ဒေသအာဏာပိုင်များက စက်တင်ဘာလ ၁၄ ရက်နေ့ ယနေ့နံနက်ပိုင်းတွင် လက်ပစ်ဗုံးတလုံး ခြောက်လုံးပြူး (၁) လက် ကျည်တောင့်များ TNT ယမ်းများနှင့်အတူ မူးယစ်ဆေးပြား မက်သာအဖက်တမင် (ယာဘ) ၃ သောင်းကျော်ကို လူသုံးဦးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။


အဆိုပါဖမ်းဆီးမှုကို အမှတ် (၃၂) မူးယစ်တပ်ဖွဲ့စု (မြ၀တီ) နှင့်အတူ အခြားသောပူးပေါင်းတပ်ဖွဲ့ဝင်များက အမှတ် ၄ ရပ်ကွက်နှင့် အမှတ် ၅ ရပ်ကွက်တို့တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။


မြ၀တီမြို့ ခံတဦးက ယနေ့ဖမ်းဆီးရမိမှုကိုကြိုဆိုလိုက်ပြီး သာမန်ပြည်သူလူတွေလက်ထဲမှာ အခုလိုမျိုး လက်နက်ခဲယမ်းမီးကျောက်များထားရှိမှုသည် မျှော်မှန်း၍မရနိုင်သည့် အန္တရာယ်များအတွက် အထူးစိုးရိမ်ရသောကြောင့် အလားတူဖမ်းဆီးမှုမျိုးကို ဆက်လက်လုပ်ဆောင်နိုင်ရေးအတွက် အားပေးထောက်ခံသည်ဟု ပြောဆိုခဲ့သည်။

ပုံစာ -မြ၀တီမြို့ တွင် ယနေ့ဖမ်းဆီးရရှိမှုပုံရိပ်အချို့  ။

သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသားမီဒီယာ
မြ၀တီမြို့ တွင် လက်နက်ခဲယမ်းများနှင့်အတူ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ မြ၀တီမြို့ တွင် လက်နက်ခဲယမ်းများနှင့်အတူ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 16:51 Rating: 5
Powered by Blogger.