ရန်ကုန်-ပြည် လမ်းတွင် ကားနှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မှုကြောင့် လူတစ်ဦးသေဆုံး


ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ရွှေတောင်မြို့နယ် ရန်ကုန်-ပြည်ကားလမ်း ဇယ်မအုပ်စု ရှင်ညိုကျေးရွာ အနီးတွင် ကားနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိမှုကြောင့် ဆိုင်ကယ်သမားတစ်ဦးသေဆုံးခဲ့ရကြောင်း ပြည်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

စက်တင်ဘာ ၂၂ ရက်၊ ညနေ ၅ နာရီခန့်တွင် ရန်ကုန်မှ ပြည်သို့ ကိုဘိုဘိုဇော် တစ်ဦးတည်းမောင်းနှင်လာသော ကင်ဘို 110 ဆိုင်ကယ်အား မျက်နှာချင်းဆိုင်မှ ဦးမြင့် မောင်းနှင်လာသော ဖူဆိုကားမှ ဝင်ရောက်တိုက်မိခဲ့ခြင်း ဖြစ်သည်။
 “ပြည်ဘက်က မောင်းလာတဲ့ကားက အရှိန်မထိန်းနိုင်ပဲ တစ်ဖက်ယာဉ်ကျောကိုရောက်လာပြီး မျက်နှာချင်းဆိုင်က လာတဲ့ ဆိုင်ကယ်ကို ဝင်တိုက်တာပါ။”ဟု ပြည်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ကျ ရဲအရာရှိက ပြောသည်။

 အဆိုပါ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်ဖြင့် တစ်ဦးတည်းမောင်းနှင်လာသော အသက် ၃၂ နှစ်အရွယ် ကိုဘိုဘိုဇော်မှာ နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ယဉ်တိုက်မှုနှင့်ပတ်သက်၍ ကားမောင်းသူ ဦးမြင့်အား ရွှေတောင်မြို့မ ရဲစခန်းမှ ယာဉ်(ပ) ၆၁/၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ရွှေတောင်မြို့နယ် ရန်ကုန်-ပြည်လမ်း ယခုယာဉ်တိုက်မှုဖြစ်ရာနေရာနှင့် သုံးမိုင်ခန့်အကွာတွင် ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလကလည်း ခရီးသည်ယာဉ် Express နှင့် သုံးဘီးဆိုင်ကယ်တို့  မျက်နှာချင်းဆိုင်တိုက်မှုကြောင့် လူ(၇)ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်ရှိခဲ့ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/
ရန်ကုန်-ပြည် လမ်းတွင် ကားနှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မှုကြောင့် လူတစ်ဦးသေဆုံး ရန်ကုန်-ပြည် လမ်းတွင် ကားနှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မှုကြောင့် လူတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 18:29 Rating: 5
Powered by Blogger.