မြောက်ဥက္ကလာပမြို့နယ် မယ်လမုဘုရားအနီး မီးလောင်ကျွမ်းမှုဖြစ်ပွား


ရန်ကုန်တိုင်းဒေသကြီးမြောက်ဥက္ကလာပမြို့နယ်မယ်လမုဘုရားအနီး(၂)ရပ်ကွက်၊ယုဇန(၁)လမ်းမှာစက်တင်ဘာ(၂၄)ရက်ကမီးလောင်ကျွမ်းမှုကြောင့်လူနေအိမ်(၅)လုံးပျက်စီးဆုံးရှုံးခဲ့တယ်လို့သိရပါတယ်။


မီးလောင်ကျွမ်းမှုဟာနံနက်(၁၁)နာရီမိနစ်(၄၀)ခန့် က စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မွန်းတည့်၁၂နာရီမှာမီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့မီးသတ်ဦးစီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။ လက်ရှိမှာတော့မီးလောင်ကျွမ်းရတဲ့အကြောင်းရင်းကိုမီးသတ်ဦးစီးဌာနကစုံစမ်းစစ်ဆေးနေပြီးမီးလောင်ကျွမ်းခဲ့တဲ့နေရာကိုလုံခြုံရေးဆောင်ရွက်ထားတယ်လို့သိရပါတယ်။


မီးစတင်လောင်ကျွမ်းတဲ့အိမ်ဟာတစ်နိုင်တစ်ပိုင်ဖိနပ်လုပ်ငန်းလုပ်ကိုင်တဲ့အိမ်ဖြစ်ပြီးမီးလောင်မှုဖြစ်ပွားတဲ့အချိန်မှာအိမ်ရှင်တွေမရှိဘဲအလုပ်သမားတွေသာရှိတယ်လို့ မီးလောင်ကျွမ်းခဲ့တဲ့အနီးပတ်ဝန်းကျင်ကလူတွေရဲ့ပြောဆိုချက်အရသိရပါတယ်။ဒီသတင်းကို Central News Bureau က ရွှေရည်မဉ္ဇူ ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/
မြောက်ဥက္ကလာပမြို့နယ် မယ်လမုဘုရားအနီး မီးလောင်ကျွမ်းမှုဖြစ်ပွား မြောက်ဥက္ကလာပမြို့နယ် မယ်လမုဘုရားအနီး မီးလောင်ကျွမ်းမှုဖြစ်ပွား Reviewed by THITHTOOLWIN on 18:39 Rating: 5
Powered by Blogger.