![]() |
(မြန်မာ-ဘင်္ဂလာနယ်စပ်မှ တောဆင်ရိုင်းတစ်ကောင်၊ ၎င်းဆင်မှာ ယခုတိုက်ခိုက်မှုနှင့် ဆက်စပ်မှု မရှိပါ။) |
ဘင်္ဂလာဒေ့ရှ်နိုင်ငံ အိုကီးယားမြို့နယ်တွင် ဖွင့်လှစ်ထားသည့် ဒုက္ခသည် စခန်းတွင် တောဆင်ရိုင်း တိုက်ခိုက်မှုကြောင့် ဘင်္ဂလီ လူမျိုး နှစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာ ရရှိသွားကြောင်း သတင်းရရှိသည်။
သေဆုံးသူနှစ်ဦးထဲတွင် တစ်ဦးမှာ ကလေးငယ်ဖြစ်ပြီး ဆင်များက နှင်းသတ်သွားခြင်း ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။
တိုက်ခိုက်ခံရသည့် ဒုက္ခသည်စခန်းမှာ အိုကီးယားမြို့နယ် ကောတော့ပလောင်ရှိ Madhurchhara စခန်းဖြစ်ပြီး ယနေ့နံနက် ၅ နာရီက အဆိုပါဒေသတွင် ကျက်စားနေသည့် ဆင်းရိုင်းများက ၀င်ရောက်တိုက်ခိုက်သွားကြောင်း အိုးကီယားရဲစခန်းမှ ရဲအရာရှိ M Kai Kislu က ပြောသည်ဟု The Daily Star သတင်းတွင် ဖော်ပြထားသည်။
သေဆုံးသူ နှစ်ဦးမှာ ချင်ချူအာလောင် (၅၅) နှစ်နှင့် ရှာဟစ်ဒူအာလန် (၂) နှစ်တို့ဖြစ်ကြသည်။ ဒဏ်ရာရရှိသူများကို မြို့နယ်ဆေးရုံသို့ ပို့ဆောင်လိုက်ရသည်ဟု ၎င်းရဲအရာရှိက ပြောသည်။
Narinjara
https://www.facebook.com/Narinjara
တောင်ဆင်ရိုင်းတိုက်ခိုက်၍ အိုကီးယားတွင် ဒုက္ခသည်နှစ်ဦးသေ၊ ငါးဦးဒဏ်ရာရ
Reviewed by THITHTOOLWIN
on
16:39
Rating:
