မီးအားမြှင့်စက် အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား


မော်လမြိုင် စက်တင်ဘာ ၁၁

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့ သီရိမင်္ဂလာ ရပ်ကွက်၊ သီရိမင်္ဂလာ(၁၆) လမ်း၊အိမ်အမှတ် (၈၀၁)တွင် စက်တင်ဘာ ၁၁ ရက်နံနက် ၉ နာရီ ၅ မိနစ်က မီးအားမြှင့်စက်အပူလွန်ကဲရာမှ မီးစတင်လောင်ခဲ့ပြီး အနီးရှိ နေအိမ်သို့ ကူးစက်လောင်ကျွမ်းမှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။


မီးလောင်ရာသို့ ပြည်နယ်မီးသတ်ဦးစီးမှူး ဦးတင်မောင်နီ ဦးဆောင်၍ အုပ်ချုပ်မှု ယာဉ် ၁ စီး၊ မီးငြှိမ်းသတ်ယာဉ် ၈ စီး၊ ရေသယ်ယာဉ် ၄ စီး၊ မီးသတ်သန္ဓေတပ်ဖွဲ့ဝင် ၄၀၊ အရန်မီးသတ် ၂၀ နှင့် ရပ်ကွက်နေပြည်သူ့များတို့က ဝိုင်းဝန်းငြှိမ်းသတ်ရာ နံနက် ၉ နာရီ ၃၀ မိနစ်တွင် မီးလုံးဝငြိမ်းသွားပြီး သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာနေအိမ်တစ်လုံး၊ Hondafit ကားတစ်စီး၊ Wave-I 125 ဆိုင်ကယ်တစ်စီး၊ အတွင်းပစ္စည်းများနှင့် ဖက်မိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ် တစ်လုံးတို့ လောင်ကျွမ်းပျက်စီးခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။

အဆိုပါမီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန် သေဆုံးမှု မရှိကြောင်း၊ မီးလောင်မှုနှင့် ပတ်သက်၍ မော်လမြိုင်မြို့၊ မုပွန်နယ်မြေရဲစခန်းမှ ဒေါ်ဝေဝေနွယ်အား အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
မီးအားမြှင့်စက် အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား မီးအားမြှင့်စက် အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:43 Rating: 5
Powered by Blogger.