ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မီးလောင်မှုဖြစ်ပွား


ရန်ကုန် စက်တင်ဘာ ၁၅

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၃၈)ရပ်ကွက်၊ အဲမွန်ဒရာလမ်း၌ စက်တင်ဘာလ ၁၅ ရက် နံနက် ၁၀နာရီ ၅၀ မိနစ်အချိန်က အမှတ်(၆၂၂)တွင် အိမ်ငှားနေထိုင်သူ ဦးသိန်းမျိုးမင်း(၄၀)နှစ် (အဘ) ဦးမင်းလွင်၏ သွပ်မိုးပျဉ်ထောင်နေအိမ်မှ စတင်၍ မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။


မီးလောင်မှုဖြစ်ပွားရာသို့ မီးသတ်ယာဉ်(၁၀)စီး၊ အုပ်ချုပ်မှုယာဉ်တစ်စီးတို့ဖြင့် လာရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁နာရီ ၅ မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ၁၁ နာရီ ၁၀ မိနစ်အချိန်တွင် မီးငြိမ်းခဲ့သည်။ ယင်းမီးလောင်မှုဖြစ်စဉ်မှာ ဟင်းအိုး တည်ရာတွင် မီးကြွင်းမီးကျန်မှ စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး အိမ်အမှတ်(၆၂၃-က) ဦးဘညို၏ သွပ်မိုးပျဉ်ထောင် နေအိမ်နှင့် အိမ်အမှတ်(၆၂၃-ခ)ဦးစန်းလွင်၏ သွပ်မိုးပျဉ်ထောင် နေအိမ်များသို့ မီးကူးစက်လောင် ကျွမ်းသွားရာ မီးလောင်ကျွမ်းမှုကို Level-1 အဆင့်ဖြစ်ကြောင်း သိရသည်။


ဆက်လက်၍ မီးလောင်ကျွမ်းရာသို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ မဲဆန္ဒနယ်-၁ ဦးတင်ထွန်းနိုင်၊ ရန်ကုန်တိုင်းဒေသကြီးတိုင်း ဦးစီးမှူးဦးကြည်ဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးစိန်မြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင်စိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးခိုင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထိန်လင်းနှင့် တပ်ဖွဲ့ဝင်များ၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်အောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်ခဲ့သည်။

မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် မြို့မရဲစခန်းမှ ဦးသိန်းမျိုးမင်းအား (ပ)၁၄၈၂/၂၀၁၇၊ ပြစ်မှုပုဒ်မ(၂၈၅)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မီးလောင်မှုဖြစ်ပွား ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 16:20 Rating: 5
Powered by Blogger.