ဖုန်းနံပါတ်စိမ်း ဝင်ထားသည့် အပေါ် စကားများရန်ဖြစ်ရာမှ ဇနီးကို ခင်ပွန်းက ဓားဖြင့် ထိုးမှုဖြစ်ပွား


ပဲခူးတိုင်းဒေသကြီး အင်းတကော်မြို့တွင် ဖုန်းနံပါတ်စိမ်း ဝင်ထားသည့် အပေါ် လင်မယားခြင်း စကားများ ရန်ဖြစ်ရာမှ ခင်ပွန်းဖြစ်သူက ဇနီးကို ဓားဖြင့်ထိုးခဲ့ကြောင်း နယ်မြေခံအင်းတကော်ရဲစခန်းမှ သိရှိရသည်။

 အင်းတကော်မြို့တွင် စက်တင်ဘာ ၁၄ ရက်၊ ညနေ(၅)နာရီခန့်က ခင်ပွန်းဖြစ်သူ၏ ဖုန်းတွင် ဖုန်းနံပါတ်စိမ်း တစ်ခု ဝင်ထားသည်ကို ဇနီးဖြစ်သူက တွေ့၍ မေးမြန်းရာမှ လင်မယားချင်းစကားများရန်ဖြစ်ပြီး ခင်ပွန်းဖြစ်သူက စတီး ဓားဖြင့်ထိုးကာ ထွက်ပြေးခဲ့ခြင်းဖြစ်သည်။

ခင်ပွန်းဖြစ်သူကို ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးရာ အင်းတကော်မြို့၊ နံ့သာနီတောင်ဘုန်းကြီးကျောင်းဝန်းအတွင်း အသုံးပြုခဲ့သော အရိုး(၃)လက်မခွဲ၊ အသွား(၃)လက်မရှိသော ဓားဦးချွန်နှင့်အတူ အခင်းဖြစ်ပွားပြီး နာရီဝက် အကြာတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
“ဒဏ်ရာရရှိထားတဲ့ အမျိုးသမီးကတော့ ပဲခူးဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေပါတယ်။ ဒဏ်ရာကတော့ သိပ် မပြင်းထန်ပါဘူး။ သူတို့အိမ်တွင်းရေးပြဿနာပါ။ ကျပန်းအလုပ်လုပ်နေကြသူတွေပါ။ ပြဿနာဖြစ်ဖြစ်ချင်း ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရွာသားတွေရော၊ ကျွန်တော်တို့နဲ့အတူ ပူးပေါင်းလိုက်လံဖမ်းဆီးခဲ့တာပါ။”ဟု အင်းတကော် ရဲစခန်းမှ စခန်းမှူး ရဲအုပ် ကျော်တင်ဦးက ပြောသည်။

 လက်ရှိတွင် ၎င်းအား အင်းတကော် ရဲစခန်းက (ပ)၁၅၄/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/

ဖုန်းနံပါတ်စိမ်း ဝင်ထားသည့် အပေါ် စကားများရန်ဖြစ်ရာမှ ဇနီးကို ခင်ပွန်းက ဓားဖြင့် ထိုးမှုဖြစ်ပွား ဖုန်းနံပါတ်စိမ်း ဝင်ထားသည့် အပေါ် စကားများရန်ဖြစ်ရာမှ ဇနီးကို ခင်ပွန်းက ဓားဖြင့် ထိုးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 21:16 Rating: 5
Powered by Blogger.