မောင်တောမြို့နယ် ညောင်ချောင်းကျေးရွာတွင် မီးလောင်မှုဖြစ်ပွား၊ နေအိမ် ၃ဝ ခန့်မီးလောင်ဆုံးရှုံး


မောင်တော စက်တင်ဘာ ၁၅

မောင်တောမြို့နယ် ညောင်ချောင်းကျေးရွာ၌ စက်တင်ဘာလ ၁၅ရက်နေ့ ညနေပိုင်းက မီးလောင်မှုဖြစ်ပွားရာ နေအိမ် ၃ဝ ခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုကို မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးရဲထွဋ်နှင့် တာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ ဝင်များက သွားရောက်ငြှိမ်းသတ်ခဲ့ရာ တစ်နာရီခန့် အကြာတွင် မီးငြိမ်းသွားခဲ့သည်။

'' ကျွန်တော်တို့အနေနဲ့ သတင်းရတာနဲ့ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့တွေ၊ မီးသတ်တပ်ဖွဲ့တွေခေါ်ပြီး ချက်ချင်းသွား ရောက် ငြှိမ်းသတ်ခဲ့တယ်။ အဲဒီ ညောင်ချောင်း ကျေးရွာက လမ်းပန်းဆက်သွယ်ရေးမကောင်းတော့ မီးသတ်ကားတွေ ဝင်လို့မရတဲ့အတွက် မီးသတ်စက်တွေ အသုံးပြုပြီးတော့ နီးစပ်ရာ ရေတွင်းတွေက ရေပိုက်တွေ သွယ်တန်းပြီး ခက်ခက်ခဲခဲ သွားရောက်ငြှိမ်းသတ်ခဲ့ရပါတယ်'' ဟု ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ပြောကြားသည်။

မီးလောင်မှုကြောင့် နေအိမ် ၃ဝ ခန့် မီးလောင်ဆုံးရှုံး သွားကြောင်း၊ မီးလောင်မှုနှင့် ပတ်သက်ပြီး ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ ညောင်ချောင်း ကျေးရွာ သည် ဘင်္ဂါလီများ နေထိုင်သည့် ကျေးရွာတစ်ရွာဖြစ်ပြီး မီးလောင် မှုဖြစ်ပွားချိန်တွင် အနီးဝန်းကျင်ရှိ မီးမလောင်သေးသည့် နေအိမ်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးရာ လူတစ်ဦး တစ်ယောက်မျှ မတွေ့ရှိရကြောင်း သိရသည်။

တင်မောင်လွင်၊ မင်းထက်အောင်၊ ဓာတ်ပုံ-မောင်မွှေး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မောင်တောမြို့နယ် ညောင်ချောင်းကျေးရွာတွင် မီးလောင်မှုဖြစ်ပွား၊ နေအိမ် ၃ဝ ခန့်မီးလောင်ဆုံးရှုံး မောင်တောမြို့နယ် ညောင်ချောင်းကျေးရွာတွင် မီးလောင်မှုဖြစ်ပွား၊ နေအိမ် ၃ဝ ခန့်မီးလောင်ဆုံးရှုံး Reviewed by THITHTOOLWIN on 17:34 Rating: 5
Powered by Blogger.