ထိုင်း မြန်မာ နယ်စပ်ဒေသအတွင်း နိုင်ငံမဲ့ဖြစ်နေသူ ၃၅၁ ဦးအား ထိုင်းနိုင်ငံသားအဖြစ်ပေးရန် တရားရုံးက ဆုံးဖြတ်


15-9-2017

ထိုင်း - မြန်မာနယ်စပ် တပ်ခရိုင်မဲလမ ကျေးရွာအတွင်းမှာ နေထိုင်နေကြတဲ့ ကျေးရွာသား ၃၅၁ ယောက်ရဲ့  နိုင်ငံသားဖြစ်ပိုင်ခွင့် လျောက်ထားမှုကို ၁၅ နှစ်ကြာ တရားရုံးမှာ စစ်ဆေးကြားနာ ရင်ဆိုင်ခဲ့ပြီး စက်တင်ဘာလ ၁၄ ရက်နေ့ မှာ တရားရုံးက ထိုင်းနိုင်ငံသားအဖြစ် ပေးအပ်ဘို့  ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံအတွင်း လာရောက်နေထိုင်ခဲ့ကြသူတွေ ထိုင်းနိုင်ငံ အတွင်းမှာမွေးဖွားခဲ့သူတွေအနေနဲ့  Act BE 2508 ဥပဒေအရ နိုင်ငံသားအဖြစ် သတ်မှတ်ပေးရမယ့် ဥပဒေအရ ခုလို့  နိုင်ငံသားအဖြစ် ပေးအပ်ဘို့  တရားရုံးက ဆုံးဖြတ်ခဲ့တာပါ။

ဒီအမှုကို အဓိကဦးဆောင်ပြီး လိုက်လံ ဆောက်ရွက်ပေးနေသူဟာ ရှေ့ နေကြီး ဆူလဖုန် ဟာ နှစ်နိုင်ငံ နယ်စပ်ဒေသ အတွင်းမှာနေထိုင်းနေကြပြီး နိုင်ငံမဲ့ ဖြစ်နေလို့  ပညာသင်ကြားတဲ့အခါမှာ ထိုင်းနိုင်ငံသားမဟုတ်တဲ့အတွက် အခက်အခဲတွေနေရတဲ့ခလေးတွေရဲ့  နိုင်ငံသား ရပိုင်ခွင့် တွေကို ကူးညီဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ နိုင်ငံသားဖြစ်ဘို့  မှတ်ပုံတင်ရဘို့ အတွက် မွေးစာရင်း-အိမ်ထောင်စု - ဘာသာစကား -တာဝန်ခံသူ -ကျောင်းထောက်ခံစာ စသဖြင့် အဆင့်ဆင့် ဖြတ်သန်းလျောက်ထားကြရပါတယ်။

အောက်လမ်းနည်းနဲ့ငွေပေးလုပ်လို့  မလွယ်သလို အာဏာပိုင်တွေငွေယူလဘ်စားပြီး လုပ်ပေးလို့  အမှုပေါ်သွားခဲ့ရင် အရာရှိအဆင့်ဆင့် အလုပ်ပြုတ်ပြီး တည်ဆဲဥပဒေအရ အပြစ်ပေးခဲ့တာတွေရှိခဲ့ပါတယ်။

ထိုင်းနိုင်ငံအတွင်းနေထိုင်နေသူတွေ အနေနဲ့  ရာယီနေထိုင်ခွင့် နယ်မြေမကျော်ရ ကပ်ပြား မျိုးတွေကိုသာ ထုတ်ပေးလေ့ရှိတာတွေ့ ရပါတယ်။

Social Action for Children and Women - SAW
ထိုင်း မြန်မာ နယ်စပ်ဒေသအတွင်း နိုင်ငံမဲ့ဖြစ်နေသူ ၃၅၁ ဦးအား ထိုင်းနိုင်ငံသားအဖြစ်ပေးရန် တရားရုံးက ဆုံးဖြတ် ထိုင်း မြန်မာ နယ်စပ်ဒေသအတွင်း နိုင်ငံမဲ့ဖြစ်နေသူ ၃၅၁ ဦးအား ထိုင်းနိုင်ငံသားအဖြစ်ပေးရန် တရားရုံးက ဆုံးဖြတ် Reviewed by THITHTOOLWIN on 21:30 Rating: 5
Powered by Blogger.