ပေါင် ၁၁၀၀ ရှိ ကမ္ဘာ့အဝဆုံး အီဂျစ်အမျိုးသမီး ကွယ်လွန်


ကမ္ဘာ့အဝဆုံး အမျိုးသမီးလို့ မှတ်ယူရတဲ့ အီမန် အက်တီ အမည်ရှိ အီဂျစ်အမျိုးသမီးဟာ ယူအေအီး အာရပ်စော်ဘွားများနိုင်ငံ၊ အဘူဒါဘီမြို့ ဆေးရုံတစ်ရုံမှာ မနေ့က ကွယ်လွန်သွားခဲ့ပါတယ်။
နှလုံးနဲ့ ကျောက်ကပ်ရောဂါကြောင့် ကွယ်လွန်ခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာအသက် ၃၇ နှစ် ဖြစ်ပါတယ်။

သူ့ရဲ့ ကိုယ်အလေးချိန်ဟာ ပေါင် ၁၁၀၀ ရှိပြီး ဘယ်မှမသွားလာနိုင်ဘဲ နှစ်ပေါင်း နှစ်ဆယ်ကျော် အိမ်တွင်းမှာပဲ နေခဲ့ရပါတယ်။

အလေးချိန်လျော့ချဖို့ အိန္ဒိယကို သွားရောက်ကုသခဲ့ပြီး ယူအေအီးမှာ ဆက်လက်ကုသခံနေစဉ်အတွင်း ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ပေါင် ၁၁၀၀ ရှိ ကမ္ဘာ့အဝဆုံး အီဂျစ်အမျိုးသမီး ကွယ်လွန်  ပေါင် ၁၁၀၀ ရှိ ကမ္ဘာ့အဝဆုံး အီဂျစ်အမျိုးသမီး ကွယ်လွန် Reviewed by THITHTOOLWIN on 10:43 Rating: 5
Powered by Blogger.