ပလက်ဝမြို့နယ်တွင် မိန်းခလေးပျိုတစ်ဦး မိုင်းနင်းသေဆုံး


စင်တင်ဘာ ၁၂

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ပီချောင်း၊ ငန်းချောင်းဝကျေးရွာနေ ဦးလောက်ဆုတ်နှင့် ဒေါ်ကံလွဲတို့၏သမီး အသက်၃၇နှစ်ရှိသော မသိန်းထိုက်သည် ၁၁.၉.၂၀၁၇ နေ့ မနက် ၁၁နာရီ ဝန်းကျင်အချိန်က တောင်ယာသွားစဉ် ရွာနှင့် ၂မိုင်ခန့်ဝေးနေရာတွင် အတည်မပြုနိုင်သေးသည့် မိုင်းအား နင်းမိ၍သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ပလက်မြို့နယ်တွင် ရခိုင်တပ်နှင့် မြန်မာ့တပ်မတော်တို့ လွန်ခဲ့သည့် ၂၀၁၅ခုနှစ် မတ်လကုန်ပိုင်းက စတင်ကာ တိုက်ပွဲအကြိမ်ကြိမ် ဖြစ်ပွားခဲ့ပြီး ပြီးခဲ့သည့် သြဂုတ်လ ၃၁ရက်နေ့ကလည်း နှုံးဘူးရွာအနီးတွင် ဖြစ်ခဲ့သေးသည်။

ရခိုင်တပ်နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း ပလက်ဝမြို့နယ်တွင် ယခင်နှစ်များကလည်း ပြည်သူ ၅ဦးထက်မနည်း မိုင်းနင်းသေဆုံးပြီးဖြစ်သည်။

ပလက်ဝမြို့နယ်၊ ပီချောင်း ၊ ငန်းချောင်းဝရွာအနီးဝန်းကျင်ရှိ ကျောင်း ဆရာ/မများလည်း ကျောင်းမတက်ရဲဘဲ ပြန်နေကြသည်ဟု ဒေသခံများထံမှတဆင့် သိရသည်။

တောင်ယာစပါးရိတ်ချိန်လည်းဖြစ်နေ၍ စပါးကောင်းကောင်း မရိတ်ရပါက နောင်နှစ်ဝမ်းစာအတွက် ဒေသခံများအနေဖြင့် အလွန်စိတ်ပူပင်နေကြ ရလျက်ရှိသည်။

Khumi Media Group -ခူမီးမီဒီယာ
https://www.facebook.com/khumimediagroup
ပလက်ဝမြို့နယ်တွင် မိန်းခလေးပျိုတစ်ဦး မိုင်းနင်းသေဆုံး ပလက်ဝမြို့နယ်တွင် မိန်းခလေးပျိုတစ်ဦး မိုင်းနင်းသေဆုံး Reviewed by THITHTOOLWIN on 21:57 Rating: 5
Powered by Blogger.