အမေရိကန် နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး ဌာန က မြောက်ကိုရီးယား နိုင်ငံ အပေါ် ပိတ်ဆို့အရေးယူမှု အသစ် များ ထပ်မံ ကြေညာ

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)
    ဝါရှင်တန် ၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

    အမေရိကန် နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာန က စက်တင်ဘာ ၂၆ ရက်နေ့၌ မြောက်ကိုရီးယား နိုင်ငံ ၏ လူအစုလိုက် အပြုံလိုက် သေစေနိုင်သော လက်နက် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် ထောက်ခံအားပေး ခဲ့သည့် မြောက်ကိုရီးယား နိုင်ငံ မှ ဘဏ် ၈ ခု နှင့် လူပုဂ္ဂိုလ် ၂၆ ဦး ကို ပိတ်ဆို့အရေးယူကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

ဘဏ္ဍာရေး ဝန်ကြီးဌာန က ထုတ်ပြန်ချက်အရ ပိတ်ဆို့အရေးယူမှု ပြုလုပ်ခံရသည့် လူပုဂ္ဂိုလ် များသည် မြောက်ကိုရီးယား နိုင်ငံ ဘဏ်များ ၏ ပြည်ပ ကိုယ်စားလှယ်များဖြစ်ကြပြီး ၄င်းတို့၏ အမေရိကန် နိုင်ငံ အတွင်းရှိ ပိုင်ဆိုင်မှု အားလုံး ကို ထိန်းချုပ်သွားမည် ဖြစ်ကြောင်း သိရှိခဲ့ရသည်။

အမေရိကန် နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာန ဝန်ကြီး က အမေရိကန် နိုင်ငံ အနေဖြင့် ယခု ပြုလုပ်သည့် ပိတ်ဆို့အရေးယူမှု သည် ကိုရီးယား ကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေး အတွက် တွန်းအား ဖြစ်စေရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က လတ်တလော ရက်ပိုင်းတွင် ကုလသမဂ္ဂ ညီလာခံ ၌ မြောက်ကိုရီးယား နိုင်ငံ ကို အလုံးစုံ ဖျက်ဆီး မည် ဟုပြောကြားခဲ့ပြီးနောက်တွင် စက်တင်ဘာ ၂၁ ရက်နေ့၌ မြောက်ကိုရီးယား နိုင်ငံ အပေါ် ဖိအားပေးဆောင်ရွက်မှု များတိုးမြှင့်ကာ ပိတ်ဆို့အရေးယူမှု အသစ်များလည်း ဆောင်ရွက်ခဲ့သည်။မြောက်ကိုရီးယား နိုင်ငံ သမ္မတ ကင်ဂျုံအမ်း မှလည်း တုံ့ပြန်ဆောင်ရွက်မှုများကို ခိုင်မြဲစွာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည် ဟု သိရှိခဲ့ရသည်။

(Xinhua)
http://www.xinhuamyanmar.com

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ