17-9-2017 မနက် ၂နာရီခွဲခန့်အချိန် ကျောက်ဆည်မြို့ မြောက်ဘက် ကြက်မင်းတွန်မီးပွို င့်၏မြောက်ဘက် ပေ ၂၀၀ခန့်တွင် Accidentဖြစ်ကြောင်း ဖုန်းသတင်းရရှိ၍ အခင်းဖြစ်ရပ်သို့ သွားရောက်ရာ မျဉ်းဝါကြားနှင့် ကပ်လျှက်ရပ်ထားသော 6F/7133 ကားအား နောက်မှ ဆိုင်ကယ် ဖြင့်ဝင်တိုက်ထားပြီး သေဆုံးနေသော လူငယ်၂ဦးအားတွေ့ရှိရပါသည်။
သေဆုံးသူများမှာ ဝေဇင်ဖြိုးနှင့် ပြည့်စုံဟု ကနဦးသိရှိရပါသည်။ သေဆုံးသူ၂ဦးအားကျောက်ဆည်ဆေးရုံရေးပေါ် ဌာနမှတစ်ဆင့် ရင်ခွဲရုံသို့ပို့အပ်ခဲ့ပါသည်။
အခင်းဖြစ်အချိန်တွင်မိုးသည်းထန်စွာရွာနေချိန်ဖြစ်သည်။ သေဆုံးသူ လူငယ်၂ဦးမှာ နေပြည်တော်ပုဗ္ဗသီရိမြို့နယ်မှဖြစ်ကြောင်းထပ်မံသိရှိရပါသည်။
ကြက်မင်းတွန် AMBULANCE ကားနှင့်အတူ အကူအညီပေးပါသော"သင်္ဂဟ"အသင်းအား ကျေးဇူးတင်ရှိပါသည်။
Ironpalace Kokohanmyo
ရပ်ထားတဲ့ကားကို ဆိုင်ကယ်ဝင်တိုက် လူငယ်နှစ်ဦးသေဆုံး
Reviewed by THITHTOOLWIN
on
17:03
Rating:
