ရွှေဇားရဲကင်းစခန်းကို တိုက်ခိုက်ရန်လာသော ဘင်္ဂါလီတစ်ဦးအား အသေဖမ်းမိ


ချလူးအောင်၊ စက်တင်ဘာ ၂၆

စက်တင်ဘာလ ၂၆ ရက်နေ့ နံနက် ၁ နာရီအချိန်က မောင်တောမြို့နယ်၊ ရွှေဇားရဲကင်းစခန်းခြံစည်းရိုးအနီး အကြမ်းဖက်တိုက်ခိုက်ရန် ချည်းကပ်လာသည့် ဘင်္ဂါလီတစ်ဦးအား ရဲတပ်ဖွဲ့ဝင်များက ပစ်ခတ် ဖမ်းမိရရှိခဲ့ကြောင်း အဆိုပါရဲကင်းစခန်းထံမှ သိရသည်။

ဘင်္ဂါလီမှာ ရွှေစား(အလယ်ရွာ)တွင် နေထိုင်သူ ရှက်အာမောက် (၅၃) နှစ်ဖြစ်ပြီး အလျှား ၁၈ လက်မခန့်ရှိ ဓါး ၁ ချောင်းကိုင်ဆောင်ပြီး ရဲစခန်းအနီးချည်းကပ်လာစဉ် တာဝန်ကျရဲတပ်သားများမှ မသင်္ကာသဖြင့် ရပ်တန့်ခိုင်းရာ ရပ်တန့်ခြင်းမရှိသဖြင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွားခဲ့သည်။

သေဆုံးသွားသည့် ရှက်အာမောက် အလောင်းအား မောင်တောဆေးရုံးသို့ပို့ ဆောင်ထားကာ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြင်ဖြူနယ်မြေရဲစခန်းတွင် ဥပဒေနှင့်အညီ အရေးယူနိုင်ရေး အမူဖွင့်ဆောင်ရွက်လျှက်ရှိပြီး ဆက်လက်အကြမ်းဖက် တိုက်ခိုက်လာနိုင်မည့် ဘင်္ဂလီများကိုလည်း ဖော်ထုတ်အရေးယူ သွားမည်ဖြစ်ကြောင်း ရွှေဇားရဲကင်းစခန်းမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

Development Media Group
https://www.facebook.com/dmgnewsagency/
ရွှေဇားရဲကင်းစခန်းကို တိုက်ခိုက်ရန်လာသော ဘင်္ဂါလီတစ်ဦးအား အသေဖမ်းမိ ရွှေဇားရဲကင်းစခန်းကို တိုက်ခိုက်ရန်လာသော ဘင်္ဂါလီတစ်ဦးအား အသေဖမ်းမိ Reviewed by THITHTOOLWIN on 15:53 Rating: 5
Powered by Blogger.