တာဝန်ထမ်းဆောင်နေသူတွေကို ညစ်ညမ်းစွာ ဆဲဆိုသူ လာရောက် အဖမ်းခံ

တာဝန်ဝတ္တရားဆောင်ရွက်နေသူများအား ညစ်ညမ်းစကားများပြော ဆိုကာ ဟန့်တားနှောင့်ယှက်သူအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်
ရန်ကုန်၊ စက်တင်ဘာ ၁၂

တာဝန်ဝတ္တရားဆောင်ရွက်နေသူများအား ညစ်ညမ်းစကားများပြော ဆိုကာ ဟန့်တားနှောင့်ယှက်သူ ကျော်စိုးဝင်း(ခ)ယူစွတ်သည် စက်တင်ဘာ ၁၂ ရက်နေ့ နံနက် ၉နာရီအချိန်တွင် မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းသို့ လာရောက်အဖမ်းခံခဲ့ကြောင်း သိရပါသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၄ ရက်နေ့ ၁၂နာရီခွဲအချိန်ခန့်တွင် မင်္ဂလာတောင်ညွန့်ကြီး ရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးရဲထူးကျော်သည် တောင်ပိုင်းခရိုင် စည်ပင်ဌာနခွဲမှူး၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး၊ အမှတ်(၃၄)ယာဉ်ထိန်းတပ်ဖွဲ့စုမှရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့နှင့်အတူ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်းရပ်ကွက်၊ ဗညားဒလလမ်းနှင့် ဦးအောင်မြတ်လမ်းမပေါ်တွင် အချိန်ကြာမြင့်စွာ စည်းကမ်းမဲ့ရပ်ထားသော မော်တော်ယာဉ်များအား စစ်ဆေးဆောင်ရွက်ကာ အရေးယူဆောင်ရွက်နေစဉ် ဦးအောင်မြတ် လမ်းထောင့်ရှိ ယာဉ်မောင်းသင်တန်းကျောင်းရှေ့ ယာဉ်မရပ်ရ နေရာတွင် ရပ်ထားသော 1D---ယာဉ်အားတွေ့ရှိသဖြင့် ချလံဖြတ်အရေးယူဆောင်ရွက်ခဲ့ရာ ၎င်းယာဉ်ပိုင်ရှင် ဖြစ်သူ ကျော်စိုးဝင်း(ခ)ယူစွတ်မှ ပူးပေါင်းအဖွဲ့အား ညစ်ညမ်းသည့်စကားများပြောဆိုကာ ဘာသာသာသနာအား စော်ကားသည့်အပြင် ပူးပေါင်းအဖွဲ့၏ တာဝန်ဝတ္တရားဆောင်ရွက်နေမှုအပေါ်နှောင့်ယှက်ဟန့် တားခဲ့သဖြင့် ကျော်စိုးဝင်း(ခ)ယူစွတ်အား စက်တင်ဘာ ၅ ရက်နေ့ ညနေ ၃ နာရီခွဲ အချိန်တွင် မင်္ဂလာ တောင်ညွန့်မြို့မရဲစခန်း (ပ)၅၀၂/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၉၄/၂၉၅-က/၁၈၆ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ခဲ့သည်။

အမှုမှ ပြစ်မှုကျူးလွန်သူ ကျော်စိုးဝင်း(ခ)ယူစွတ်အား ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိရေးစုံစမ်းဆောင်ရွက်လျက် ရှိစဉ် စက်တင်ဘာ ၁၂ ရက်နေ့ နံနက် ၉နာရီအချိန်တွင် ပြစ်မှုကျူးလွန်သူကိုယ်တိုင် မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းသို့ လာရောက် အဖမ်းခံခဲ့သဖြင့် ဥပဒေအကြံပြုချက်နှင့်အညီ တရားရုံးသို့ တရားစွဲဆိုတင်ပို့ပြီးကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ ၏ သတင်း ထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
တာဝန်ထမ်းဆောင်နေသူတွေကို ညစ်ညမ်းစွာ ဆဲဆိုသူ လာရောက် အဖမ်းခံ တာဝန်ထမ်းဆောင်နေသူတွေကို ညစ်ညမ်းစွာ ဆဲဆိုသူ လာရောက် အဖမ်းခံ Reviewed by THITHTOOLWIN on 21:27 Rating: 5
Powered by Blogger.