အကြမ်းဖက်တိုက်ခိုက်ရာတွင် ပါဝင်သူ (၁၃) ဦးအား ဖမ်းဆီးရမိ၊ မောင်တောမြို့နယ် ကျေးရွာများရှိ နေအိမ်များအား မီးရှို့ခံရ


နေပြည်တော် စက်တင်ဘာ ၈

မောင်တောမြို့၊ ဒိုးတန်းကျေးရွာ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၃ ရက် မွန်းလွဲ ၂ နာရီခွဲတွင် နယ်မြေ လုံခြုံရေး ဆောင်ရွက်စဉ် အကြမ်းဖက် တိုက်ခိုက်ရာပါဝင်သည့် မာမောက်အဏ္ဏ၀ါ (ဘ) ဆူလေမန် ဒိုးတန်းကျေးရွာ နေသူပါ ၁၁ ဦးအား ဖမ်းဆီးရမိသဖြင့် သက်ဆိုင်ရာ နယ်မြေရဲစခန်းတွင် အကြမ်းဖက်မှု ဥပဒေဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလားတူ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၆ ရက် ညနေ ၅ နာရီခွဲတွင် မောင်တောမြို့နယ်၊ သက္ကာယ်ပြင် ကျေးရွာသို့ နယ်မြေလုံခြုံရေး ဆောင်ရွက်ရန် ထွက်ခွာလာစဉ် ဇင်ပိုင်ညာကျေးရွာ လမ်းဆုံ၌ မာမတ်အာရစ် (ဘ) လာမျှား အီတာလျာ ကျေးရွာနေသူပါ ၂ ဦးအား ဖမ်းဆီးရမိသဖြင့် သက်ဆိုင်ရာ နယ်မြေ ရဲစခန်းတွင် အကြမ်းဖက်မှု ဥပဒေဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စက်တင်ဘာ ၇ ရက် နေ့လည် ၁၂ နာရီတွင် မောင်တောမြို့နယ် ဂေါ်ဒူသာရ (အရှေ့) ကျေးရွာရှိ နေအိမ်များ မီးလောင်မှုသတင်းနှင့် စပ်လျဉ်း၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက နေအိမ်မီးရှို့သူများအား လိုက်လံစုံစမ်းစစ်ဆေး လျက်ရှိပြီး မီးလောင်မှုဖြစ်စဉ်ကြောင့် နေအိမ် အလုံး ၃၀ ခန့် မီးလောင်ခဲ့ကြောင်း သိရသည်။


ARSA အစွန်းရောက်အကြမ်းဖက်သမားများသည် စက်တင်ဘာ ၇ ရက် ည ၇ နာရီ ၁၅ မိနစ်တွင် မောင်တော မြို့နယ် ကြိမ်ချောင်းမြောက်ကျေးရွာရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သဖြင့် နေအိမ် အလုံး ၅ လုံး မီးလောင်ခဲ့ ကြောင်း သိရသည်။

ရခိုင်ပြည်နယ် မြောက်ခြမ်းဒေသအတွင်း အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်တွင်ပါဝင်ခဲ့ကြသည့် ARSA အစွန်းရောက် အကြမ်းဖက်သမားများအနက် သြဂုတ် ၂၅ ရက်နေ့တွင် ၂ ဦး၊ သြဂုတ် ၂၉ ရက်နေ့တွင် ၂ ဦး၊ သြဂုတ် ၃၀ ရက်နေ့တွင် ၄ ဦး၊ သြဂုတ် ၃၁ ရက်နေ့တွင် ၇ ဦး၊ စက်တင်ဘာ ၂ ရက်နေ့တွင် ၁ ဦး၊ စက်တင်ဘာ ၃ ရက်နေ့တွင် ၁၂ ဦး၊ စက်တင်ဘာ ၅ ရက်နေ့တွင် ၃ ဦး၊ စက်တင်ဘာ ၆ ရက်နေ့တွင် ၆ ဦး၊ စက်တင်ဘာ ၇ ရက်နေ့တွင် ၁၃ ဦး၊ စုစုပေါင်း ၅၀ ဦးအား ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာနယ်မြေ ရဲစခန်းများ၌ ဥပဒေနှင့်အညီ စစ်ဆေးလျက် ရှိကြောင်း သိရသည်။

(သတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/InfomationCommittee/
အကြမ်းဖက်တိုက်ခိုက်ရာတွင် ပါဝင်သူ (၁၃) ဦးအား ဖမ်းဆီးရမိ၊ မောင်တောမြို့နယ် ကျေးရွာများရှိ နေအိမ်များအား မီးရှို့ခံရ အကြမ်းဖက်တိုက်ခိုက်ရာတွင် ပါဝင်သူ (၁၃) ဦးအား ဖမ်းဆီးရမိ၊ မောင်တောမြို့နယ် ကျေးရွာများရှိ နေအိမ်များအား မီးရှို့ခံရ Reviewed by THITHTOOLWIN on 18:30 Rating: 5
Powered by Blogger.