ပြည်မြို့တွင် ဓါးဒဏ်ရာပေါင်းများစွာဖြင့် လူတစ်ဦးသေဆုံးခဲ့ရမှု သံသယရှိသူမှ လာရောက်အဖမ်းခံ


ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့ ရွှေတံခါးရပ်ကွက်အတွင်း ဓါးဒဏ်ရာအချက်ပေါင်း(၂၀)ခန့်ဖြင့် လူတစ်ဦးသေဆုံးမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့မှ သံသယရှိနေသူမှာ စက်တင်ဘာ (၂၆)ရက်တွင် ရဲစခန်းသို့ လာရောက် အဖမ်းခံခဲ့ကြောင်း ပြည်မြို့အမှတ်(၃)နယ်မြေရဲစခန်းမှ သိရှိရသည်။

မူလရွှေတံခါး (၃)လမ်း၊(၆)ရပ်ကွက်အတွင်း ဓါးဖြင့် ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ (၁၂)ချက်၊ ဝဲနံစောင်းထိုးသွင်း ဒဏ်ရာ (၂)ချက်၊ နောက်စေ့ပြတ်ရှဒဏ်ရာ တစ်ချက် အပါအဝင် စုစုပေါင်း ဓါးဒဏ်ရာအချက်(၂၀)ခန့်ဖြင့် (၂၅)နှစ်ရှိ လူငယ်တစ်ဦး၏အလောင်းကို စက်တင်ဘာလ (၆)ရက် နံနက်အစောပိုင်းတွင် တွေ့ရှိခဲ့ပြီးနောက် ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးမှုများပြုလုပ်နေစဉ် ရက်(၂၀)အကြာတွင် သံသယရှိနေသူမှ လာရောက်အဖမ်းခံခဲ့ခြင်း ဖြစ်သည်။
"အကြမ်းဖျင်းပြောရရင် လူသတ်တရားခံပါလို့ ဝန်ခံထွက်ဆိုပြီး လာရောက်အဖမ်းခံတာပါ။ အမှုနဲ့ပတ်သက်လို့ ဆက်လက်စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နိုင်ဖို့ တရားရုံးကနေ တစ်ဆင့် ချုပ်ရက်ရမန်ယူထားပါတယ်။" ဟု အမှတ် (၃)နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်အောင်မြတ်ခိုင်က ပြောသည်။

ထိုသို့လာရောက်အဖမ်းခံသူမှာ အသက်(၂၇)နှစ်အရွယ် သက်နိုင်ဝင်း(ခ)ဘဲဥဆိုသူဖြစ်ပြီး ပြည်မြို့၊ ဥယာဉ်စု ရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

 အဆိုပါ လူသတ်မှုနှင့် ပတ်သက်၍ ပြည်မြို့အမှတ်(၃)နယ်မြေရဲစခန်းမှ ပ ၁၂၀၉ /၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ပြည်မြို့တွင် ဓါးဒဏ်ရာပေါင်းများစွာဖြင့် လူတစ်ဦးသေဆုံးခဲ့ရမှု သံသယရှိသူမှ လာရောက်အဖမ်းခံ ပြည်မြို့တွင် ဓါးဒဏ်ရာပေါင်းများစွာဖြင့် လူတစ်ဦးသေဆုံးခဲ့ရမှု သံသယရှိသူမှ လာရောက်အဖမ်းခံ Reviewed by THITHTOOLWIN on 16:35 Rating: 5
Powered by Blogger.