တောင်တွင်းကြီးမှာ အုပ်စုဖွဲ့ပြီး ရန်မူ


မကွေးတိုင်း၊ တောင်တွင်းကြီးမြို့ပေါ်က နေရာတချို့မှာ အစ္စလာမ်ဘာသာဝင်တွေရဲ့ အိမ်တွေ၊ ဆိုင်ခန်းတွေနဲ့ ဗလီဝတ်ကျောင်း တခုကို လူတွေ ရာနဲ့ချီ အုပ်စုဖွဲ့ပြီး တနင်္ဂနွေ ညဦးပိုင်းက ရန်မူခဲ့ပါတယ်။

အခင်းဖြစ်နေစဉ်မှာပဲ ရဲတပ်ဖွဲ့နဲ့ လုံခြုံရေးတွေ ရောက်လာကြောင်း၊ လူစုခွဲဖို့ အာဏာပိုင် တွေက သတိပေးကြောင်း၊ မျက်နှာဖုံး တပ်ဆင်ထားပြီး တုတ်ဓားလက်နက် ကိုင်ဆောင် လာတာလည်း တွေ့ရကြောင်း ဒေသခံ တိုင်း လွှတ်တော် အမတ် ဦးဝင်းမြင့်လှိုင် ကပြောပါတယ်။

လမ်းဘေးဆိုင် တချို့ ဖျက်ဆီးခံရတာလည်း ရှိတယ်လို့ ဆိုပါတယ်။

ဒီလို ကျုးလွန်သူတွေကို အမြန်ဆုံး ဖမ်းဆီး နိုင်ဖို့ အာဏာပိုင်တွေ ကြိုးစား နေတယ် ဆိုပြီး အစိုးရ သတင်း ထုတ်ပြန်ရေး ကော်မတီက ကြေညာ ထားပါတယ်။

တောင်တွင်းကြီးမှာ ဆိုင်ကို လူအုပ်က ခဲနဲ့ပေါက်ကြောင်း၊ လူစုခွဲရာမှာ ရာဘာကျည် သုံးခဲ့ရကြောင်း၊ တဦးဖမ်းထားပြီး ဝိုင်းအုံသူ ၄ဝဝ ခန့် လူစုကွဲသွားပြီ ဖြစ်ကြောင်း၊ အခြား အုပ်စုဖွဲ့ ဆောင်ရွက်မှုတွေ ဆက် မဖြစ်အောင် လုံခြုံရေး တင်းကျပ်စွာ ဆောင်ရွက် ထားကြောင်း အစိုးရက ထုတ်ပြန်ပါတယ်။

အခြားမြို့ကြီးတွေမှာလည်း ရဲတပ်ဖွဲ့ဝင်တွေ ချထားတယ်လို့ သိရပါတယ်။

BBC Burmese
http://www.bbc.com/burmese
တောင်တွင်းကြီးမှာ အုပ်စုဖွဲ့ပြီး ရန်မူ တောင်တွင်းကြီးမှာ အုပ်စုဖွဲ့ပြီး ရန်မူ Reviewed by THITHTOOLWIN on 08:24 Rating: 5
Powered by Blogger.