ဆီးရီးယား၌ အမေရိကန်ဦးဆောင်သောတပ်ဖွဲ့ ၏ အကြမ်းဖက်နှိမ်နင်းမှု စစ်ဆင်ရေးများအတွင်း အရပ်သား ၂,၆၁၇ ဦးသေဆုံးခဲ့ရ

ဆီးရီးယားနိုင်ငံ၌ အမေရိကန်ဦးဆောင်သော တပ်ဖွဲ့ ဝင်များ စစ်ဆင်ရေးတစ်ခုလုပ်ဆောင်နေသည်ကို တွေ့ ရစဉ်(ဆင်ဟွာ)
    ဒမတ်စ်ကက်စ် ၊ စက်တင်ဘာ ၂၄ ရက်(ဆင်ဟွာ)

    ဆီးရီးယား၌ အမေရိကန်ဦးဆောင်သောတပ်ဖွဲ့ ဝင်များ၏ အကြမ်းဖက် နှိမ်နင်းမှု စစ်ဆင်ရေးများအတွင်း အရပ်သား ၂၆၁၇ ဦးသေဆုံးခဲ့ရပြီး ဖြစ်ကြောင်း စောင့်ကြည့်လေ့လာသည့် အဖွဲ့ တစ်ခုက စက်တင်ဘာလ ၂၃ ရက်တွင်  ထုတ်ပြန်ခဲ့သည်။

သေဆုံးသူများထဲတွင် အမျိုးသမီး ၄၄၃ ဦး နှင့် ကလေးငယ် ၆၁၅ ဦး ပါဝင်ကြောင်း လန်ဒန်အခြေစိုက် ဆီးရီးယားစောင့်ကြည့်ရေး လူ့ အခွင့်အရေး အဖွဲ့ တစ်ခုက ထုတ်ပြန်ခဲ့သည်။သေဆုံးသူများမှာ ဟက်စကာ၊ အလက်ပို၊ အဒ်လစ် နှင့် ဒီယာအယ်လ်ဇူးရာပြည်နယ် များမှ အရပ်သားများဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အမေရိကန်ဦးဆောင်သော ညွန့် ပေါင်းတပ်ဖွဲ့ သည် ဆီးရီးယားနိုင်ငံမြောက်ပိုင်း၌ အိုင်အက်စ်စစ်သွေးကြွများကို တော်လှန်တိုက်ခိုက်နေသော ကားဒစ်နွယ်ဝင်များဦးဆောင်သည့် တိုက်ခိုက်ရေးသမားများကို ကျောထောက်နောက်ခံပေးထားခြင်းဖြစ်သည်။ဆီးရီးယားနိုင်ငံအစိုးရက ညွန့် ပေါင်းတပ်ဖွဲ့ ၏ ဆီးရီးယားနိုင်ငံအတွင်း၌ ဥပဒေမဲ့ ဝင်ရောက်စွက်ဖက်မှုကို ကန့် ကွက်ထားပြီး အရပ်သားများသေဆုံးနေမှုအတွက် ညွန့် ပေါင်းတပ်ဖွဲ့ ဆုပ်ခွာသွားရန် ကုလသမဂ္ဂ၌ တောင်းဆိုထားကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ဆီးရီးယား၌ အမေရိကန်ဦးဆောင်သောတပ်ဖွဲ့ ၏ အကြမ်းဖက်နှိမ်နင်းမှု စစ်ဆင်ရေးများအတွင်း အရပ်သား ၂,၆၁၇ ဦးသေဆုံးခဲ့ရ ဆီးရီးယား၌ အမေရိကန်ဦးဆောင်သောတပ်ဖွဲ့ ၏ အကြမ်းဖက်နှိမ်နင်းမှု စစ်ဆင်ရေးများအတွင်း အရပ်သား ၂,၆၁၇ ဦးသေဆုံးခဲ့ရ Reviewed by THITHTOOLWIN on 17:27 Rating: 5
Powered by Blogger.