နယ်စပ်ဖြတ်ကျော် ပြေးဝင်လာသူတွေကြောင့် ဘင်္ဂလားဒေ့ရှ်ကန့်ကွက်

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လုံခြုံရေး တပ်ဖွဲ့တွေ နေရာယူထားပုံ
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် နယ်စပ်ကို ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ မွတ်ဆလင် တသိန်း လေးသောင်းကျော် ထွက်ပြေးလာတာနဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ် အစိုးရက မြန်မာအစိုးရကို ပြင်းပြင်းထန်ထန် တရားဝင် ကန့်ကွက်လိုက်ပါတယ်။

အရပ်သားတွေကို အစိုးရက အကာအကွယ် မပေးဘူး ဆိုတဲ့ သတင်းတွေလည်း သူတို့ရထားတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

ဒါ့အပြင် နယ်စပ်တလျှောက်မှာ မြန်မာ လုံခြုံရေး တပ်ဖွဲ့တွေက မြေမြှုပ်မိုင်းတွေ ချနေတယ် ဆိုတဲ့ သတင်းတွေ အပေါ် စိုးရိမ်မကင်း ဖြစ်မိတယ်လို့လည်း ပြောပါတယ်။

မြန်မာ လုံခြုံရေး တပ်ဖွဲ့တွေ နှိပ်စက်ညှင်းပန်းမှုတွေ လုပ်နေတယ် ဆိုတဲ့ စွပ်စွဲချက်တွေကို မြန်မာအစိုးရက ငြင်းဆိုလိုက်ပြီး အရပ်သားတွေ ထွက်မပြေးပြေးအောင် မွတ်ဆလင် စစ်သွေးကြွတွေက ရွာတွေကို တမင်မီးရှိုခဲ့ကြတယ်လို့ မြန်မာ ဖက်က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးတဲ့ မွတ်ဆလင် ဒုက္ခသည် အရေအတွက် ၃သိန်းလောက် ရှိလာနိုင်တယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပြီး စားနပ်ရိက္ခာ ပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ သတိပေးထားပါတယ်။

BBC Burmese
http://www.bbc.com/burmese
နယ်စပ်ဖြတ်ကျော် ပြေးဝင်လာသူတွေကြောင့် ဘင်္ဂလားဒေ့ရှ်ကန့်ကွက် နယ်စပ်ဖြတ်ကျော် ပြေးဝင်လာသူတွေကြောင့် ဘင်္ဂလားဒေ့ရှ်ကန့်ကွက် Reviewed by THITHTOOLWIN on 07:54 Rating: 5
Powered by Blogger.