ခိုးထွက်သူ တစ်ဦးအား လုံခြုံရေးရဲကင်းမှ ထိန်းသိမ်းခဲ့

 စက်တင်ဘာ ၁၁၊ ၂၀၁၇

စက်တင်ဘာ ၁၀ ရက်နေ့က စစ်တွေမြို့၊ အောင်မင်္ဂလာ ရပ်ကွက်နေသူ တစ်ဦးသည် သတ်မှတ်နေရာ မှ ခိုးထွက်၍ ဈေးသွားဝယ်ရာမှ ဒေသခံတိုင်းရင်းသားများက ၀ိုင်းဖမ်းစဉ် ကြည့်ရှုသူများဖြင့် လူအုပ်စု ဖြစ်ပေါ်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ထိန်းသိမ်းခဲ့ရကြောင်းသိရသည်။

ဖြစ်စဉ်မှာ အောင်မင်္ဂလာရပ်ကွက် နေသူ အီစွတ် (ခ) ပိုင်ပြည့်စုံသည် ရပ်ကွက် အတွင်းမှ စက်ဘီးဖြင့် ခိုးထွက်၍ ဈေးသွားဝယ်ရာ ဒေသခံတိုင်းရင်းသား ၃ ဦးက တွေ့ရှိပြီး ၀ိုင်းဝန်းဖမ်းဆီးသဖြင့် ၎င်းအား မာရာကန် ရဲကင်းမှ ထိန်းသိမ်းထားစဉ် ဒေသခံတိုင်းရင်းသားများက လာရောက်ဝိုင်းအုံကြည့်ရှုရာ လူအုပ်စု အင်အား ၃၀ ခန့် ဖြစ်ပေါ်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ထိန်းသိမ်းခဲ့ရကြောင်း၊ အီစွတ် (ခ) ပိုင်ပြည့်စုံ အား ရပ်မိရပ်ဖများထံ ပြန်လည်အပ်နှံခဲ့ကြောင်းသိရသည်။

(သတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/InfomationCommittee
ခိုးထွက်သူ တစ်ဦးအား လုံခြုံရေးရဲကင်းမှ ထိန်းသိမ်းခဲ့ ခိုးထွက်သူ တစ်ဦးအား လုံခြုံရေးရဲကင်းမှ ထိန်းသိမ်းခဲ့ Reviewed by THITHTOOLWIN on 19:07 Rating: 5
Powered by Blogger.