လင်မယားချင်းစကားများခဲ့သည်ကို မကျေမနပ်ဖြစ်ကာ မိန်းမဖြစ်သူက ဓားမဖြင့်ခုတ်၍ ခင်ပွန်းဖြစ်သူသေဆုံး


နေပြည်တော်၊ စက်တင်ဘာ ၂၆

၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့ ညနေ ၃ နာရီ ၁၅ မိနစ်အချိန် မကွေးတိုင်း ဒေသကြီး၊ မြိုင်မြို့နယ်၊ ချိုင်စောက်ကျေးရွာတွင် လင်မယားချင်းစကားများရန်ဖြစ်ရာမှ လူသတ်မှု ဖြစ်ပွားကြောင်း သတင်း ရရှိပါသည်။

သတင်းအရ မြိုင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဒေါ်ချိန်တင်(၅၅)နှစ်သည် ၎င်း၏ ခင်ပွန်း ဦးရွှေဌေး(၅၅)နှစ်နှင့် စကားများရန်ဖြစ်ခဲ့သည်ကို မကျေမနပ်ဖြစ်၍ ဦးရွှေဌေး အား ဓားမဖြင့်ခုတ်ခဲ့သောကြောင့် ဦးခေါင်း ပြတ်ဒဏ်ရာများရရှိကာ သေဆုံးသွားကြောင်း သိရှိရသည်။

ယခုအခါ ဒေါ်ချိန်တင် အား မြိုင်မြို့မရဲစခန်း (ပ)၅၃၇/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia/
လင်မယားချင်းစကားများခဲ့သည်ကို မကျေမနပ်ဖြစ်ကာ မိန်းမဖြစ်သူက ဓားမဖြင့်ခုတ်၍ ခင်ပွန်းဖြစ်သူသေဆုံး လင်မယားချင်းစကားများခဲ့သည်ကို မကျေမနပ်ဖြစ်ကာ မိန်းမဖြစ်သူက ဓားမဖြင့်ခုတ်၍ ခင်ပွန်းဖြစ်သူသေဆုံး Reviewed by THITHTOOLWIN on 19:36 Rating: 5
Powered by Blogger.