![]() |
မြန်မာသတင်းထောက် ကိုမင်းဇေယျာဦး နဲ့ ကိုခွန်လတ် တို့ကို တွေ့ရစဉ်။ Photo: Min Zayar Oo and hkun lat dumhpau's Facebook |
ဖမ်းဆီးခံထားရတဲ့ မြန်မာ သတင်းထောက် ၂ ဦးဖြစ်တဲ့ ကိုမင်းဇေယျာဦးနဲ့ ကိုခွန်လတ် တို့နဲ့ပတ်သက်ပြီး မြန် မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံရုံးကို တရားဝင်စာပေးပို့ထားပြီး ကောင်စစ်ရေးရာ တွေ့ဆုံခွင့်ရရှိဖို့နဲ့ လိုအပ်တဲ့အကူအညီတွေ ပံ့ပိုးပေးနိုင်ဖို့ တောင်းဆိုထားတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
အဲဒီဓာတ်ပုံသတင်းထောက် နှစ်ဦးဟာ မြန်မာနိုင်ငံကနေ ထွက်ပြေးလာကြတဲ့ မွတ်ဆလင် ဒုက္ခသည်တွေကို ဂျာမနီနိုင်ငံက GEO သတင်း ဌာနအတွက် ဓာတ်ပုံရိုက်ပေးဖို့သွားရောက်ခဲ့ကြ ရာကနေ ပြီးခဲ့တဲ့စက်တင်ဘာလ ၇ ရက်နေ့က ကော့ဘ်ဇက်ဘဇား နယ်ထဲမှာ အဖမ်းခံခဲ့ ရတာဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သတင်းထောက်ဗီဇာနဲ့ ၀င်ရောက်တာမဟုတ်ဘဲ အလည်အပတ်ဗီဇာနဲ့ ၀င်ရောက်ခဲ့တဲ့ သူတို့ နှစ်ဦးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက သူလျှိုမှုနဲ့ ဖမ်းဆီးထားတာဖြစ်တယ်လို့ သိရပါတယ်။
RFA Burmese
http://www.rfa.org/burmese
ဖမ်းခံထားရတဲ့ သတင်းထောက် ၂ ဦးကိစ္စ အကူအညီပေးဖို့ မြန်မာ သံရုံးကို ညွှန်ကြား
Reviewed by THITHTOOLWIN
on
19:34
Rating:
