ရှေ့မှသွားနေသည့်ယာဉ်ကို ကျော်တက်ရာက ဆိုင်ကယ် နှင့် တိုက်မိ


ရေတာရှည် - စက်တင်ဘာ ၂၈

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့ တောင်ဘက် ၁ မိုင် ၂ ဖာလုံခန့်အကွာ ရွှေပြည်ကုန်းကျေးရွာအနီး တိုင်းရင်းဆေးရုံရှေ့ ရန်ကုန်-မန္တလေးကားလမ်းတွင် စက် တင်ဘာ ၂၈ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်ခန့် ယာဉ် တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ ရေတာရှည်မြို့မ ရဲစ ခန်းမှ တာဝန်မှူး ရဲအုပ် လှမြင့် ဦးစီးအဖွဲ့ကသွားရောက် စစ်ဆေးခဲ့သည်။


ကားလမ်းအတိုင်းမြောက်မှတောင်သို့ မျိုးဝင်း ၄၉ နှစ် သစ်တောရုံးဝန်းအိမ်ယာ မန္တလေးမြို့နေသူ မောင်းနှင်လာသော HINO H/-------ယာဉ်သည် အခင်းဖြစ်နေရာအရောက် ရှေ့မှသွားနေသော ၁၀ ဘီး ကုန်ယာဉ်အားကျော်တက်စဉ် မျက်နှာချင်းဆိုင်ဘက်မှ သင်စောထူး ၂၀ နှစ် နည်းပညာတက္ကသိုလ် ဒုတိယနှစ် ကေတုမတီမြို့နေသူ မောင်နှင်လာသော ၅၆ယ/------ RACING KTM 200 ဆိုင်ကယ်အား အရှိန်လွန် တိုက်မိခဲ့ပြီး မောင်သင်စောထူး မှာ ကားဘက်မှန်ကိုင်း ဖြင့်ချိတ်ကာပါသွားခဲ့ရာ စိုးရိမ်ရ ဒါဏ်ရာများရှိခဲ့၍ ရေ တာရှည် မြို့မ ပရဟိတ အဖွဲ့က အရေးပေါ်လူနာတင် ယာဉ်ဖြင့် ရေတာရှည်ဆေးရုံ မှ နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရ သည်။

ကိုလွင်(ဆွာ)
ရှေ့မှသွားနေသည့်ယာဉ်ကို ကျော်တက်ရာက ဆိုင်ကယ် နှင့် တိုက်မိ ရှေ့မှသွားနေသည့်ယာဉ်ကို ကျော်တက်ရာက ဆိုင်ကယ် နှင့် တိုက်မိ Reviewed by THITHTOOLWIN on 15:52 Rating: 5
Powered by Blogger.