အီရန်က တိုက်ချင်းပစ် ဒုံးကျည်အား အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့

အီရန်က ပစ်လွှတ်ခဲ့သော Tondar တာလတ်ပစ် ဒုံးကျည်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
   တီဟီရန်၊ စက်တင်ဘာ၂၃ ရက် (ဆင်ဟွာ)

    အီရန်နိုင်ငံက ကီလိုမီတာ ၂၀၀၀ အထိ ပစ်ခတ်နိုင်သော တိုက်ချင်းပစ် ဒုံးကျည် တစ်စင်းအား အောင်မြင်စွာ ပစ်လွှတ်ခဲ့ကြောင်း နိုင်ငံပိုင် Press TV က ယနေ့ (စက်တင်ဘာလ ၂၃ ရက်) တွင် သတင်း ဖော်ပြခဲ့သည်။

အစိုးရက ထုတ်ပြန်သော Press TV ရုပ်သံသတင်းအရ “Khorramshahr အမည်ရှိတဲ့ တိုက်ချင်းပစ် ဒုံးကျည်သစ် တစ်စင်းကို စက်တင်ဘာလ ၂၂ ရက်က မြို့တော် တီဟီရန်မှာ ပြုလုပ်ခဲ့တဲ့ စစ်ရေးပြ အခမ်းအနား ပြုလုပ်ပြီး နာရီ အနည်းငယ်အကြာမှာ ထုတ်ဖော်ပြသခဲ့ပြီး အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့တယ်” ဟု ဖော်ပြထားသည်။သတင်းတွင် အဆိုပါ ဒုံးကျည်အား စက်တင်ဘာလ ၂၂ ရက် နှောင်းပိုင်းက ပစ်လွှတ်ကြောင်း ဖော်ပြထားပြီး အခြား မည်သည့် အချက်အလက်မှ ဖော်ပြထားခြင်း မရှိပေ။

(Xinhua)
http://www.xinhuamyanmar.com
အီရန်က တိုက်ချင်းပစ် ဒုံးကျည်အား အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့ အီရန်က တိုက်ချင်းပစ် ဒုံးကျည်အား အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့ Reviewed by THITHTOOLWIN on 17:28 Rating: 5
Powered by Blogger.