ညအချိန်တွင် မော်တော်ယာဉ်ဖြင့်လှည့်လည်၍ ရပ်နားထားသော မော်တော်ယာဉ်များမှ ဘက်ထရီအိုးများ ဖြုတ်ခိုးယူသူများကို ဖမ်းဆီး ရမိအရေးယူ


ရန်ကုန်၊ စက်တင်ဘာ ၁၁

ကမာရွတ်မြို့နယ်၊ (၃)ရပ်ကွက်၊ ဗဟိုလမ်းတွင်ဖွင့်လှစ်ထားသော
ဘက္ကထရီအိုးအရောင်းဆိုင်ဝန်ထမ်းဖြစ်သူမှ ၎င်းဆိုင်၌အလုပ်လုပ်နေစဉ်
စက်တင်ဘာလ ၃ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့်တွင် ဆိုင်ရှေ့၌ရပ်ထား
သော ဘက္ကထရီအရောင်းဆိုင်မှ ဆူဇူကီးပစ်ကပ်ယာဉ်တွင် တပ်ဆင်
ထားသည့် Exide အမျိုးအစား အနီရောင်ဘက္ကထရီ အိုး(၁)လုံး၊ တန်ဖိုးငွေ
ကျပ်(၈၀၀၀၀)မှာ ပျောက်ဆုံးနေသဖြင့် ဆိုင်တွင်တပ်ဆင်ထားသော cctv
မှတ်တမ်းအား ကြည့်ရှုရာ ယာဉ်အမှတ် 8B-3546 တောင်းအေ့စ်
အဖြူရောင်ယာဉ် ၁ စီးမှ ဆူဇူကီးပစ်ကပ်ယာဉ်ဘေးတွင် ယှဉ်ရပ်ပြီး
ယာဉ်ပေါ်ပါအမျိုးသား ၄ ဦးတို့မှ ဖြုတ်ခိုးယူသွားကြောင်းသိရှိရသဖြင့်
စုံစမ်းအရေးယူပေးရန် စက်တင်ဘာ လ ၇ ရက်နေ့တွင်လာရောက်တိုင်
တန်းချက်အရ ကမာရွတ်မြို့မရဲစခန်း (ပ)၃၇၃ /၂၀၁၇၊ ရာဇသတ်ကြီး
ပုဒ်မ-၃၇၉ ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူများအား စုံစမ်းဆောင်ရွက်
ခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး မှုခင်းနှိမ်နင်းရေးဌာန
မှတပ်ဖွဲ့ဝင်များနှင့် ကမာရွတ်မြို့မရဲစခန်း မှတပ်ဖွဲ့ဝင်များက စုံစမ်း
ဆောင်ရွက်ခဲ့ရာ 8B-3546 ယာဉ်ပိုင်ရှင်မှာ သင်္ဃန်းကျွန်းမြို့နယ်နေ
အမျိုးသမီးတစ်ဦးဖြစ် ပြီး လှိုင်သာယာမြို့နယ်၊ (၁၁)ရပ်ကွက်နေ
ကျော်ကျော်အောင်ထံသို့ တစ်လလျှင် ငွေကျပ်(၃)သိန်းဖြင့် ငှားရမ်းထား
ကြောင်းသိရှိရ၍ ဆက်လက်စုံစမ်းဆောင်ရွက်ခဲ့ရာ အဆိုပါယာဉ်မှာ
ညပိုင်းတွင် လှိုင်သာယာမြို့နယ်မှ ဆူးလေသို့ ယာဉ်လိုင်းပြေးဆွဲနေ
ကြောင်းသိရှိခဲ့ရသဖြင့် သမကုန်းအ၀ိုင်း၌စောင့်ဆိုင်းဖမ်းဆီးခဲ့ရာ
စက်တင်ဘာလ ၈ ရက်နေ့ ည ၉ နာရီခွဲအချိန်ခန့်တွင် သောင်ကြီး
နယ်မြေရဲစခန်းဘက်သို့မောင်းနှင်သွားကြောင်းတွေ့ရှိရ၍ ချိတ်ဆက်ပြီး
ပိတ်ဆို့ ဖမ်းဆီးခဲ့ရာ လှိုင်သာယာမြို့နယ်နေသူများဖြစ်သည့် ယာဉ်မောင်း
ထွန်းထွန်းဦး(ခ)သန်းဇော်မိုးနှင့် ယာဉ်နောက်လိုက် လှမင်းနိုင်တို့ကို
မော်တော်ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူ ထွန်းထွန်းဦး(ခ)သန်းဇော်မိုးနှင့် လှမင်းနိုင်တို့အားစစ်ဆေးရာ
၎င်းတို့ ၂ ဦးသည် လှိုင်သာယာမြို့နယ် နေ ကရင်(စုံစမ်းဆဲ)၊ ၀တုတ်
(စုံစမ်းဆဲ)တို့နှင့်အတူ စက်တင်ဘာလ ၂ ရက်နေ့ ညပိုင်းတွင်
တောင်းအေ့မော်တော်ယာဉ်ဖြင့် လှိုင်သာယာမှ မြို့ထဲသို့ထွက်လာခဲ့ပြီး
ခိုးမှုကျူးလွန်ရန်လိုက်လံကြည့်ရှုခဲ့ရာ စက်တင်ဘာလ ၃ ရက်နေ့ နံနက်
၀၁း၀၀ နာရီအချိန်တွင် ကမာရွတ်မြို့နယ်၊ ဗဟိုလမ်းရှိ အခင်းဖြစ်
ဘက်ထရီအိုးဆိုင်သို့ရောက်ရှိခဲ့ကာ ဆိုင်ရှေ့တွင်ရပ်ထားသော
မော်တော်ယာဉ်မှ ဘက်ထရီအိုးအား ခိုးဖြုတ်ယူခဲ့ကြောင်း၊ ၎င်းနောက်
လှိုင်သာယာမြို့နယ်သို့ပြန်လည်မောင်းနှင်လာခဲ့ပြီး (၅)ရပ်ကွက်၊ ပီမိုးနင်း
လမ်းထိပ်တွင်ရပ်နားထားသော ဒိုင်နာမော်တော်ယာဉ် တွင်တပ်ဆင်
ထားသည့် ဘက်ထရီအိုး ၂ လုံးအားခိုးဖြုတ်ယူခဲ့ကာ ရောင်းချ၍ခွဲဝေသုံးစွဲ
ခဲ့ကြောင်းနှင့် မော်တော်ယာဉ်အား ကျော်ကျော်အောင်ထံမှ နေ့အလိုက်
ထပ်မံငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

ပေါ်ပေါက်ချက်အရ ပြစ်မှုကျူးလွန်ရာတွင်အတူပါဝင်သူများအား ဖမ်းဆီး
ရမိရေးဆောင်ရွက်ခဲ့ရာ စက်တင်ဘာလ ၉ ရက်နေ့ ၁၁း၃၀ နာရီအချိန်တွင်
ဝတုတ်(ခ)ငြိမ်းချမ်းအား လှိုင်သာယာမြို့နယ်ရှိ ၎င်း၏နေအိမ်မှဖမ်းဆီးရမိခဲ့
ပြီး သက်သေခံပစ္စည်းများပြန်လည်သိမ်းဆည်းနိုင်ခဲ့ကာ အခြားခိုးမှုများ
ကျူးလွန်ထားခြင်း ရှိ/မရှိစစ်ဆေးဆောင်ရွက် လျက်ရှိကြောင်းနှင့်
လွတ်မြောက်နေသူ ကရင်အားဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice/
ညအချိန်တွင် မော်တော်ယာဉ်ဖြင့်လှည့်လည်၍ ရပ်နားထားသော မော်တော်ယာဉ်များမှ ဘက်ထရီအိုးများ ဖြုတ်ခိုးယူသူများကို ဖမ်းဆီး ရမိအရေးယူ ညအချိန်တွင် မော်တော်ယာဉ်ဖြင့်လှည့်လည်၍ ရပ်နားထားသော မော်တော်ယာဉ်များမှ ဘက်ထရီအိုးများ ဖြုတ်ခိုးယူသူများကို ဖမ်းဆီး ရမိအရေးယူ Reviewed by THITHTOOLWIN on 07:51 Rating: 5
Powered by Blogger.