၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့ ၁၉၁၀ ချိန် တာမွေမြို့နယ်၊ ပုဏ္ဏားကုန်း ရပ်ကွက်နေ တရုတ်နိုင်ငံသား Mr.Wang Qaxin၊ (၁၉)နှစ်၊ (ဘ)Mr.Wang Zhen Yu ၊ပတ်စပို့စ်အမှတ် E-63380994၊(ဗီဇာအမှတ် I-854839၊ လုပ်ငန်းဗီဇာ၊ သက်တမ်း ၉-၉-၂၀၁၇ မှ ၁၅-၇-၂၀၁၈ ထိ)၏နေအိမ်အား တာမွေမြို့မရဲစခန်းမှ ဒုရဲမှူး မျိုးမြင့် ဦးစီးအဖွဲ့၊ ဒုလဝကမှူး ဦးမောင်မောင်ဌေးတို့မှ သတင်းအရ ဝင်ရောက်ရှာဖွေရာ အကောက်ခွန်မဲ့ ဟန်းဆက်မျိုးစုံ(၆၆၄၇)လုံး သိမ်းဆည်း ရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားပါသည်။
တရုတ် နိုင်ငံလုပ် ZXET အမျိုးအစား အကောက်ခွန်မဲ့ ဟန်းဆက်မျိုးစုံ(၆၆၄၇)လုံး၊ တန်ဖိုးငွေကျပ် (၁၃၃၅.၄) သိန်း တွေ့ရှိမေးမြန်းရာ အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ တရားမဝင် တင်သွင်း လာကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့် စက်တင်ဘာလ ၂၉ ရက်နေ့ ၀၁၂၀ အချိန် Mr.Wang Qaxin(ဖမ်းမိ)အား တာမွေမြို့မရဲစခန်း (ပ)၇၅၇/၂၀၁၇၊ ပို့/သွင်းပုဒ်မ ၈ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရပါသည်။
Ministry of Home Affairs, Myanmar
https://www.facebook.com/officemohamyanmar
တာမွေမြို့နယ်၌ တရုတ်နိုင်ငံသား(၁)ဦးထံမှ အကောက်ခွန်မဲ့ ဟန်းဆက်မျိုးစုံ(၆၆၄၇)လုံး သိမ်းဆည်း ရမိမှု
Reviewed by THITHTOOLWIN
on
12:11
Rating:
