မီးအားမြှင့်စက် အပူလွန်ကဲရာမှ လူနေအိမ်သုံးလုံး မီးလောင်ဆုံးရှုံး


စက်တင်ဘာ -၂၂

နေအိမ်တွင် အသုံးပြုသော မီးအား မြှင့်စက် အပူလွန်ကဲရာမှ မီးလောင်မှုဖြစ် ပွားခဲ့ရာ လူနေအိမ်သုံးလုံး မီးလောင် ဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း ကချင်ပြည် နယ်မီးသတ်ဦးစီးဌာနမှူးရုံးမှ သတင်းရရှိ သည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ (၂၂)ရက်၊ ည ၁၂ နာရီခန့်က မြစ်ကြီးနားမြို့၊ လယ် ကုန်းရပ်ကွက်၊နယ်မြေ (၆)ရှိ ဦးအောင် မျိုး၏ နေအိမ်တွင် အသုံးပြုထားသော မီးအားမြှင့်စက်မှ အပူလွန်ကဲကာ အိမ်ထ ရံအား မီးစွဲလောင်ရာမှ တဆင့် ဘေး ပတ်ဝန်းကျင်ရှိ နေအိမ်နှစ်လုံးကိုပါ မီးကူး စက် လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိ ရသည်။

မီးလောင်မှုဖြစ်ပွားနေကြောင်း ဖုန်း သတင်းရရှိသဖြင့် ပြည်နယ်မီးသတ် ဦး စီးမှူးရုံးမှ မီးငြှိမ်းသတ်ယာဉ် (၅)စီး၊မီး သတ်ရေသယ်ယာဉ် (၃)စီး၊ကျွန်းပင်သာ ရပ်ကွက်မှ အရန်မီးသတ်ရေသယ်ယာဉ် တစ်စီး စုစုပေါင်း ယာဉ် (၉)စီး၊ပြည်နယ် မီးသတ်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြား ရေးမှူး ဦးဇော်ဝင်းထွန်း ဦးဆောင် သည့် မီးသတ်တပ်ဖွဲ့ဝင်အင်အား (၇၀) ဦးဖြင့် သွားရောက် မီးငြှိမ်းသတ်ခဲ့ ကြောင်း သိရသည်။


မီးလောင်မှုကြောင့် သွပ်မိုး၊ အပေါ် ထပ် ထရံကာ၊အောက်ထပ် အုပ်ညှပ် နှစ် ထပ်လူနေအိမ်နှစ်လုံးနှင့် သွပ်မိုး၊ထရံကာ မြေစိုက်အိမ် တစ်လုံးတို့ ဆုံးရှုံးခဲ့ရပြီး လူ နှင့် တရိစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

မီးလောင်ကျွမ်းမှုဖြစ်စဉ်နှင့် ပတ်သက်၍ မီးစတင်လောင်ကျွမ်းမှု ဖြစ်ခဲ့သည့် အိမ်ပိုင်ရှင် ဦးအောင်မျိုးအား (ပ)၁၉၉/၂၀၁၇၊ရာဇသတ်ကြီးပုဒ်မ -၂၈၅ ဖြင့် မြစ်ကြီးနားနယ်မြေရဲစခန်း တွင် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ဝေဖြိုးအောင်
Myitkyina News Journal
https://www.facebook.com/myitkyinanewsjournal.mm
မီးအားမြှင့်စက် အပူလွန်ကဲရာမှ လူနေအိမ်သုံးလုံး မီးလောင်ဆုံးရှုံး မီးအားမြှင့်စက် အပူလွန်ကဲရာမှ လူနေအိမ်သုံးလုံး မီးလောင်ဆုံးရှုံး Reviewed by THITHTOOLWIN on 20:12 Rating: 5
Powered by Blogger.