ဆူပူ အုံကြွအောင် လှုံ့ဆော်သူကို အရေးယူမယ်

မကွေးတိုင်း ၀န်ကြီးချုပ် ဒေါက်တာ အောင်မိုးညို
မကွေးတိုင်း အတွင်းမှာ ဆူပူမှု ဖြစ်အောင် လှုံဆော်စည်းရုံးတဲ့သူကို တရားဥပဒေအရ အရေးယူဆောင်ရွက် သွားဖို့ မကွေးတိုင်း အစိုးရက စီစဉ်နေပါတယ်။

ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ ဆူပူမှု အတွင်း ပါဝင်ဖို့ အတွက် မကွေးတိုင်းဒေသကြီးမှာ လိုက်လံစည်းရုံးမှုတွေ ရှိနေတယ်လို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောပါတယ်။

သတင်းထောက်တွေကို သူရုံးခန်းမှာ သီးသန့်ခေါ်တွေ့ပြီး ပြောရာမှာ ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ ဆူပူမူ ဖြစ်အောင် ငွေကျပ်ငါးသိန်း ပေးပြီး လှုံဆော် စည်းရုံး နေတဲ့သူရှိတဲ့အကြောင်း သူက သတင်းထောက်တွေကို ပြောပြခဲ့ပါတယ်။

အမ်းကို သွားမယ့် ခရီးစဉ် တစ်လျှောက် စားချင်တာ စားသောက်ချင်တာ သောက်လို့ ရကြောင်းနဲ့ ငွေ ၅ သိန်းကိုတော့ တာဝန်ကျေပြီးလို့ မကွေးပြန်ရောက်မှ ပေးမယ်လို့ စည်းရုံးသူကပြောဆိုခဲ့ကြောင်းလည်း မကွေးတိုင်း စက်မှု ၀န်ကြီး ဦးနေမျိုးကျော် က ပြောပါတယ်။

အဲဒီလို ဆူပူမှု ဖြစ်အောင် လိုက်လံစည်းရုံးတဲ့သူကို တရားစွဲဖို့ အတွက် မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ရဲ့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးသန်းဆွေ က တရားလို ပြုလုပ်ပြီး တရားစွဲဖို့ တရားရုံး ကို ဦးတိုက်လျှောက်သွားမယ်လို့ မကွေးတိုင်း ဒေသကြီး အစိုးရက ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese
ဆူပူ အုံကြွအောင် လှုံ့ဆော်သူကို အရေးယူမယ် ဆူပူ အုံကြွအောင် လှုံ့ဆော်သူကို အရေးယူမယ် Reviewed by THITHTOOLWIN on 03:36 Rating: 5
Powered by Blogger.