အလုပ်ကိစ္စမှာ ဆဲဆိုကြိမ်းမောင်းရိုက်နှက်သည်ကို မကျေနပ်ရာနေ လူသတ်မှုဖြစ်


ရေး - စက်တင်ဘာ ၂၃

မွန်ပြည်နယ် ရေးမြို့နယ် ကပ္ပလီပင်လယ်ပြင် ဝါးကျွန်း အနောက် မြောက်ဘက် ရေမိုင်၄၀ ခန့်နေရာ၌ စက်တင်ဘာ ၂၁ရက်နေ့ ည ၁၁နာရီအချိန်က ရေလုပ်ငန်းရှင်ဒေါ်မြင့်မြင့်မော်၊ စိန်ပိုက်ငါးဖမ်းစက်လှေတွင် အလုပ်ကိစ္စမှာ ဆဲဆိုကြိမ်းမောင်း ရိုက်နှက်သည်ကို မကျေနပ်ရာနေ လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်

စက်လှေပေါ်မှ ဒုတိယပဲ့နင်း မင်းမင်းမှ ရေလုပ်သား ဇော်ကြီး (ခ) မိုးစန်း ၊ အဲသာဝ ၂ဦးအား အလုပ်အပေါ်မှာ ဆဲဆိုကြိမ်းမောင်းရိုက်နှက် သည်ကို မကျေနပ်ရာမှ ဇော်ကြီး နှင့်အဲသာဝ တို့မှ စက်ခန်း၌ အသင့်ရှိတဲ့ ငါးခွဲဓါးမ ဖြင့် ထိုးခုတ်ခဲ့သဖြင့် မင်းမင်းမှာ ရ ရှိသော ဒဏ်ရာများနဲ့သေဆုံးခဲ့ တယ်လို အမှုစစ်ရဲအရာရှိက ပြောသည်။

ဇော်ကြီး နဲ့ အဲသာဝတို့ ၂ဦးမှာ ငါးဖမ်းစက်လှေမောင်းပြေးခဲ့သော်လည်း ရေလုပ်သား ရဲကျော် မှ ရေလုပ်ငန်းရှင် ဒေါ်မြင့်မြင့်မော် ထံသို့ စက်တင်ဘာ ၂၂ ရက်နေ့မနက် ၈နာရီ အချိန်က ဆက်သွယ် အကြောင်းကြားခဲ့ရာ မှ ရဲတပ်ဖွဲ့ဝင်တွေက သက်ဆိုင်ရာ ရဲစခန်းတွေနဲ့ ချိတ်ဆက်ရာ စက်စဲရဲစခန်းမှ လှေတစ်စီးနှင့်အတူ လှေသားများအား မသင်္ကာရာနေ် ဖမ်းဆီးခဲ့တယ်လို မြို့မရဲစခန်းထံမှ သိရသည်။

အဆိုပါဖြစ်စဉ်များနဲ့ပက်သက်၍ ဇော်ကြီးအဲသာဝတို့အား စက်စဲနယ်မြေစခန်းထံမှ စက်တင်ဘာ ၂၂ရက်နေ့နံနက် ၁၁နာရီ ၅၀မိနစ်အချိန်ကလွှဲပြောင်းလက်ခံရယူထားကြောင်း ရဲမှတ်တမ်းတွေက ဖေါ်ပြထားသည်။

ဇော်ကြီး အဲသာဝတို့ ၂ဦး အား ရေးမြို့မရဲစခန်းမှစက်တင်ဘာ ၂၂ ရက်နေ့ညနေ့ ၅နာရီ ၅၅ မိနစ်အချိန်က အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

နေမျိုးထွဋ် - ရေး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
အလုပ်ကိစ္စမှာ ဆဲဆိုကြိမ်းမောင်းရိုက်နှက်သည်ကို မကျေနပ်ရာနေ လူသတ်မှုဖြစ် အလုပ်ကိစ္စမှာ ဆဲဆိုကြိမ်းမောင်းရိုက်နှက်သည်ကို မကျေနပ်ရာနေ လူသတ်မှုဖြစ် Reviewed by THITHTOOLWIN on 18:30 Rating: 5
Powered by Blogger.