မိုးရွာသွန်းမှုကြောင့် မြို့နယ်အတွင်း လမ်းအချို့ ပျက် စီး


ဖလမ်း စက်တင်ဘာ ၁၈

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်း ယခုတစ်ပတ်မိုးရွာသွန်းမှုကြောင့် မြို့နယ်ချင်းဆက်လမ်းနှင့် ကျေးရွာချင်းဆက်လမ်းများ ပျက်ဆီးလျက်ရှိပါသည်။

ဖလမ်းမြို့နယ် ကလေး-နတ်ချောင်း-ဖလမ်း မော်တော်ကားလမ်း ကီလိုမီတာ (၂၆.၈ မှ ၂၆.၅)ကြားရှိ ဘေလီတံတား၏ ကလေးဘက်ခြမ်း ကားလမ်း မီတာ(၂၀)ခန့် အရှည်သည် စက်တင်ဘာ ၁၇ ရက်နေ့ ညနေ ၄ နာရီခန့်က ရေတိုက်စား၍ လမ်းပျက်ဆီးသွားကာ ယာဉ်များသွားလာ၍မရကြောင်းနှင့် ပျက်ဆီးသွားသည့်လမ်းကို ဖလမ်းမြို့နယ်လမ်းဦးစီးဌာနမှ စက်ကြီးများနှင့် လူအင်အား(၂၀)ဦးတို့ဖြင့် ပြန်လည် ပြုပြင်ရှင်းလင်းလျက်ရှိသည်။


အလားတူ မြို့နယ်အတွင်း ကျေးရွာချင်းဆက်လမ်းဖြစ်သော ဖါရ်ခေါမ်-ဖိုင်ဇောလ်လမ်ကြား သီဟိုချောင်းတံတားချဉ်းကပ်လမ်း(၆)ပေခန့်အရှည်သည် ရေတိုက် စား၍ ရေထဲမျောပါခြင်း၊ ဖါရ်ခေါမ်-ဖိုင်ဇောလ်ကြားလမ်း ပေ(၁၀၀)ခန့် မြေပြို၍ လမ်းပိတ်ဆို့ခြင်း၊ ဖိုင်ဇောလ်-ဘွာလ်ခွါးလမ်း ပေ(၇၀)ခန့် အရှည်သည်လည်း မြေပြို လမ်းပိတ်ဆို့ကြောင်းနှင့် အဆိုပါနေရာများကို လမ်းဦးစီးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိ Company များက ကျေးလက်နေပြည်သူများ ကူးသန်းသွားလာရေးအဆင်ပြေစေရေး အချိန်နှင့်တပြေးညီရှင်းလင်း ပြုပြင်ပေးလျက်ရှိကြောင်း သိရသည်။

Iprd Falam
မိုးရွာသွန်းမှုကြောင့် မြို့နယ်အတွင်း လမ်းအချို့ ပျက် စီး မိုးရွာသွန်းမှုကြောင့် မြို့နယ်အတွင်း လမ်းအချို့ ပျက် စီး Reviewed by THITHTOOLWIN on 17:10 Rating: 5
Powered by Blogger.