သပိတ်ကျင်းမြို့နယ် ကျေးရွာ (၄) ရွာအတွင်း တောင်ကျရေများစီးဝင် လူနေအိမ် ၁၀၀ ကျော်နှင့် တံတား (၂) စင်းရေထဲမျောပါ ပျက်စီး


သပိတ်ကျင်း စက်တင်ဘာ ၁၀

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်အတွင်း စက်တင်ဘာ ၁၀ ရက်၊ နံနက် (၂) နာရီခန့်က မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေထွက်ကျေးရွာ၊ ကမ်းပါးနီကျေးရွာ ၊ ကျောက်ဖြူကျေးရွာ၊
လိပ်ကျကျေးရွာများအတွင်း တောင်ကျချောင်းရေများဝင်ရောက်ခဲ့ပြီး လူနေအိမ်များ၊ တံတားများ၊ အစိုးရအဆောက်အအုံများ ချောင်းရေအတွင်း မျောပါပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရသည်။

အဆိုပါ တောင်ကျချောင်းရေအတွင်းသို့ ကျေးရွာ (၄) ရွာမှ လူနေ အိမ် ( ၂၂) လုံး မျှောပါသွားခဲ့ပြီး အိမ် (၁၁၀ ) ခန့် ပျက်စီးကာ (၈၀ ပေ × ၁၂ ပေ) သစ်သားတံတား (၁) စင်း၊ (၁၆ ပေ × ၁၀ ပေ) တံတား (၁) စင်း ၊ ပေ ၂၅၀၀ နှင့် ပေ ၄၀၀ ရှိ ကျောက်ချောလမ်းများ၊ လျှပ်စစ်မီးတိုင် (၃) တိုင် ၊ ထရမ်စဖော်မာအုပ်ခုံ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ၊ စာသင်ကျောင်း အိမ်သာများ ပျက်စီးဆုံးရှုံးခဲ့ရပြီး လူနှင့်တိရစ္ဆာန်များ သေကျေပျက်စီးမှုအား စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်းသိရသည်။

အဆိုပါ နေရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးဦး ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး - ဦးမြို့ဆောင်တို့ ဦးဆောင်၍ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့
ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ဒေသခံကုမ္ပဏီများမှ စားရေးသောက်ရေး၊ နေရေးထိုင်ရေးလုပ်ငန်းများကို ပူးပေါင်းစီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

စိုးနိုင်ဝင်း ( သပိတ်ကျင်း )
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
သပိတ်ကျင်းမြို့နယ် ကျေးရွာ (၄) ရွာအတွင်း တောင်ကျရေများစီးဝင် လူနေအိမ် ၁၀၀ ကျော်နှင့် တံတား (၂) စင်းရေထဲမျောပါ ပျက်စီး သပိတ်ကျင်းမြို့နယ် ကျေးရွာ (၄) ရွာအတွင်း တောင်ကျရေများစီးဝင် လူနေအိမ် ၁၀၀ ကျော်နှင့် တံတား (၂) စင်းရေထဲမျောပါ ပျက်စီး Reviewed by THITHTOOLWIN on 20:25 Rating: 5
Powered by Blogger.