![]() |
ပြင်သစ် သမ္မတ Emmanuel Macron |
သူ့အဆိုအရ လူမျိုးတုံး ရှင်းလင်းမှု ကို ရှုတ်ချပြီး ခိုင်မာ တိကျတဲ့ အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဖို့ တခြား မိတ်ဖက် နိုင်ငံတချို့ နဲ့ အတူ လုံခြုံရေး ကောင်စီထံ တင်ပြသွားမယ်လို့ ပြင်သစ် ရုပ်မြင်သံကြားနဲ့ တွေ့ဆုံခန်းမှာ မစ္စတာ မက်ခရွန်းက ပြောခဲ့ပြီး ဘယ်လို အရေးယူမှုလဲ ဆိုတာ တိတိကျကျ ဆိုမသွားခဲ့ပါဘူး။
ရိုဟင်ဂျာ မွတ်ဆလင် အရေးမှာ ကိုင်တွယ် ဆက်ဆံပုံနဲ့ ပတ်သက်လို့ မြန်မာအပေါ် အရေးယူ ပိတ်ဆို့မှုတွေ လုပ်ဖို့ စဉ်းစားသင့်နေပြီလို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ကို လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး Zeid Raad al-Hussein ကလည်း ပြောပါတယ်။
မွတ်ဆလင် စစ်သွေးကြွ တွေက ဒီပဋိပက္ခ ဖြစ်အောင် စခဲ့တာလို့ မြန်မာ အစိုးရက ပြစ်တင်ခဲ့ပြီး အဲဒီ ပဋိပက္ခတွေကြောင့် သိန်းနဲ့ချီတဲ့ အရပ်သားတွေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက် ထွက်ပြေးခဲ့ရပါတယ်။
တချို့ အစွန်းရောက် ရိုဟင်ဂျာတွေရဲ့ အကြမ်းဖက်မှု လုပ်ရပ်ကို အကြောင်းပြပြီး သူတို့ လူမှု အသိုင်းအဝိုင်း တခုလုံးကို အစုလိုက် အပြုံလိုက် မောင်းထုတ် သလို ဖြစ်နေတယ်လို့ မစ္စတာ ဟူစိန်က ပြောပါတယ်။
တချိန်တည်းမှာ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ခ် ဟာစီနာ ကလည်း မြန်မာ အစိုးရ အနေနဲ့ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို ပြန်ခေါ်ဖို့ ပန်ကြားချက်ကို ကုလသမဂ္ဂမှာ ပြောတဲ့ မိန့်ခွန်းမှာ ထည့်သွင်းဆိုသွားခဲ့ပါတယ်။
ရိုဟင်ဂျာတွေဟာ သူတို့အိမ်ကို သူတို့ မီးရှို့ကြတယ်လို့ လူမှု ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီး ဦးဝင်းမြတ်အေး နဲ့ ဘီဘီစီ နဲ့ မေးမြန်းခန်းမှာ ပြောကြားခဲ့ပြီး ရိုဟင်ဂျာတွေဟာ အစွန်းရောက်တွေနဲ့ အဆက်အသွယ်ရှိတယ်လို့ ဆိုပါတယ်။
BBC Burmese
http://www.bbc.com/burmese
မြန်မာအပေါ် ခိုင်မာ တိကျတဲ့ အရေးယူမှုတွေ လုပ်ဖို့ ပြင်သစ် သမ္မတ ပြော
Reviewed by THITHTOOLWIN
on
10:32
Rating:
