ရွှေမြစ်ဆုံအမြန်မော်တော်ယာဉ် တိမ်းမှောက်

မန္တလေး-မြစ်ကြီးနားလမ်းပေါ်ရှိ မရမ်းကျေးရွာအနီးတွင် ရွှေမြစ်ဆုံအမြန်မော်တော်ယာဉ် တိမ်းမှောက်
မိုးကောင်း စက်တင်ဘာ ၂ဝ

မန္တလေး-မြစ်ကြီးနားလမ်း မရမ်းကျေးရွာအနီးတွင် ရွှေမြစ်ဆုံ အမြန်ယာဉ်တစ်စီး တိမ်းမှောက် ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၁၉ ရက်နေ့ ညနေ ၄ နာရီခွဲခန့်က မန္တလေး-မြစ်ကြီးနား လမ်းအတိုင်း မြစ်ကြီးနားဘက်မှ မောင်းနှင်လာသော ရွှေမြစ်ဆုံ အမြန်ယာဉ် YGN (DK/-------) သည် မရမ်းကျေးရွာအနီး မိုင်တိုင် အမှတ် KM/426 သို့ အရောက် တွင် အရှိန်မထိန်းနိုင်ဘဲကမ္ဘာကျော် ဆိုင်ကယ်ပြင်ဆိုင်အတွင်းဝင်ရောက် ကာ သုံးဘီးဆိုင်ကယ်တစ်စီးနှင့် ဆိုင်ကယ်သုံးစီးကိုတိုက်မိပြီး တိမ်း မှောက်သွားခြင်းဖြစ်ကြောင်း သိရ သည်။

''ယာဉ်မောင်းကတော့ လော လောဆယ်ထွက်ပြေးသွားတယ်။ ယာဉ်တိမ်းမှောက်တဲ့နေရာကို တာဝန်ရှိသူတွေ မြို့နယ်အုပ်ချုပ် ရေးမှူးနဲ့ မြို့နယ်ရဲမှူးတွေ လာ ရောက်ပြီး စီစဉ်ညွှန်ကြားနေပါ တယ်။ ယာဉ်ကိုတော့ မနက်မှ ထောင်ဖြစ်ပါမယ်။ 11KV ကြိုး ကလည်း တိမ်းမှောက်တဲ့နေရာရဲ့ အပေါ်တည့်တည့်မှာရှိနေတော့ မြင်မြင်ထင်ထင်မှ ထောင်ဖြစ်မှာ ပါ''ဟုကယ်ဆယ်ရေးသွားရောက် ခဲ့သည့် မီးသတ်တပ်ဖွဲ့မှ ဒုဦးစီးမှူး ချမ်းငြိမ်းသူက ပြောသည်။

ယာဉ်ပေါ်တွင် အမျိုးသားခရီး သည်လေးဦးနှင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက် စုစုပေါင်း ခြောက်ဦးသာပါရှိပြီး ယာဉ်ပေါ် ပါသူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိဘဲ ဆိုင်ကယ်ပြင်ဆိုင်အတွင်း ရှိ လူသုံးဦးကိုထိခိုက်မိခဲ့ပြီးတစ်ဦး မှာ စိုးရိမ်ရကြောင်း သိရသည်။

EPN
The Union Daily
https://www.facebook.com/uniondaily.net/
ရွှေမြစ်ဆုံအမြန်မော်တော်ယာဉ် တိမ်းမှောက်  ရွှေမြစ်ဆုံအမြန်မော်တော်ယာဉ် တိမ်းမှောက် Reviewed by THITHTOOLWIN on 18:01 Rating: 5
Powered by Blogger.