ပလောက်မြို့၊ ညောင်ရှင်ကုန်းကျေးရွာ၌ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား


ပလောက် စက်တင်ဘာ ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ ကျောက်လုံးကြီးကျေးရွာအုပ်စု၊ ညောင်ရှင်ကုန်း ကျေးရွာ နေထိုင်သူ ဒေါ်စန်းမူ အသက်(၄၈နှစ်)သည် စက်တင်ဘာလ ၂၅ ရက်နေ့ နံနက် ၇ နာရီ ၃၀မိနစ်တွင် မီးသွေးမီးဖိုဖြင့် ထမင်းဟင်းချက်ရာ အနီးရှိဂက်(စ်)အိုးမှ မီးသွေးမီးဖို၏ အပူရှိန်ကြောင့် ဂက်(စ်)ပိုက်ပေါက် ထွက်ပြီး အနီးရှိ ပစ္စည်းများသို့ မီးလောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်မှု ဖြစ်ပွားရာသို့ ပလောက်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး၊ ပလောက် နယ်မြေရဲစခန်းမှူး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များ ဒေသခံ ရွာသူ/ရွာသားများ ပူးပေါင်း၍ မီးငြှိမ်းသတ်ယာဉ်တစ်စီးဖြင့် ၀ိုင်းဝန်းစုပေါင်းမီးငြှိမ်းသတ်ရာ နံနက် ၈ နာရီ ၁၅ မိနစ်တွင် မီးငြှိမ်းသွားကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဉ်တွင် ယင်းအိမ်၌ ရောင်းချရန် ကုန်ခြောက်ပစ္စည်းများနှင့် အုတ်ညှပ်တစ်ထပ်တိုက် သွပ်အမိုးများ မီးလောင်ဆုံးရှုံးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း မီးကိုပေါ့ဆစွာသုံးစွဲသူ ဒေါ်စန်းမူအား ပလောက်မြို့နယ်မြေရဲစခန်းက အမှုဖွင့်စစ်ဆေးအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နိုင်ဦး(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

ပလောက်မြို့၊ ညောင်ရှင်ကုန်းကျေးရွာ၌ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား ပလောက်မြို့၊ ညောင်ရှင်ကုန်းကျေးရွာ၌ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 16:14 Rating: 5
Powered by Blogger.