ကရင်ပြည်နယ် မြဝတီ - ကော့ကရိတ် အာရှလမ်းနတ်စင်ကွေ့တွင် စက်တင်ဘာလ ၁၉ ရက်နေ့ မနက် ၁၀ နာရီခန့် က မြဝတီ မှ ဆင်းလာသော ၁၂ဘီး ယာဉ် ဘရိတ်ပေါက်ပြီး ရှေ့မှ သဲကားအားချိတ်မိကာ ပရိုဘောက်ကို နောက်မှ ဝင်တိုက်ပြီး နှစ်စီးလုံး ချောက်ထဲ သို့ ကျသွားမှု ဖြစ်ပွားခဲ့ပါတယ်။
သတင်းရရခြင်း ကော့ကရိတ်မြို့ ပုလဲ ဖြူ လူမှု ကယ်ဆယ်ရေး အဖွဲ့ မှ အရေးပေါ်ယာဉ် ၃စီး ရောက်ရှိပြီး ဒဏ်ရာရသူများအား ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ပါတယ်။
အခင်းဖြစ်တဲ့နေရာသို့ ညီနောင်မြို့သစ် Rescue၊ မြဝတီ Z Rescue ၊ Myawaddy Rescue အဖွဲ့တို့ ရောက်ရှိပြီး ပိတ်မိနေသော ၁၂ဘီး ယာဉ်မောင်းအား ထုတ်ယူ နိုင်ရေးအတွက် ကြိုးစားကူညီခဲ့ကြရာ နံနက် ၁၁ နာရီ အချိန်တွင် ကားထဲပိတ်မိပြီး သေဆုံးနေသူ၏ DB အား ထုတ်ယူ ပေးနိုင်ခဲ့ပါတယ်။
စုစုပေါင်း ၆ ဦး သေဆုံး ၂ ဦး ဒဏ်ရာရ ၄ ဦးဟု ကနဦး သတင်း ရရှိပါတယ်။
Photo - MR Rescue
မြဝတီ - ကော့ကရိတ်အာရှလမ်း ၁၂ ဘီးနှင့် ပရိုဘောက် တိုက်ပြီး နှစ်စီးလုံးချောက်ထဲကျ ၂ဦးသေဆုံး
Reviewed by THITHTOOLWIN
on
18:47
Rating:
