မူးယစ် ရာဇာတစ်ဦးအား မုံရွာမြို့ပေါ်ရှိ ရဲတပ်ဖွဲ့ဝင်များက ၀ိုင်းဝန်းဖမ်းဆီး


မုံရွာ၊ စက်တင်ဘာ ၁၅

မုံရွာမြို့ပေါ်တွင် မူးယစ်ဆေးဝါးများ လက်ဝယ်ထားသယ်ဆောင် ရောင်းချဖြန့်ဖြူးလျက်ရှိသော မူးယစ်ရာဇာတစ်ဦးအား မုံရွာအခြေစိုက် မူးယစ်(အထူး)အဖွဲ့နှင့် မုံရွာမြို့နယ်ရဲတပ်ဖွဲ့မှ စက်တင်ဘာလ ၁၅ ရက် မွန်းလွဲ ၁ နာရီခွဲအချိန်က ၀ိုင်းဝန်းဖမ်းဆီးလိုက်ကြောင်း အမှတ်(၈) မူးယစ်တပ်ဖွဲ့စု (မုံရွာ)မှ သိရသည်။

မုံရွာမြို့ ရတနာပုံရပ်၊ ပါရမီလမ်းနှင့် ပါရမီလမ်းသွယ် အမှတ်(၁)ထောင့်နေရာတွင် မူယစ်တပ်ဖွဲ့စုမှ ဒုရဲအုပ် ရန်နောင်စိုး၊ မုံရွာမြို့မရဲစခန်း နယ်ထိန်းအဖွဲ့ခေါင်းဆောင် ဒုရဲအုပ် စိုးမင်းထွန်း၊ မုံရွာနယ်မြေရဲစခန်း နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် အောင်ဆန်းလင်းတို့ ပူးပေါင်းပါဝင်သော အဖွဲ့သည် မူယစ်ဆေးဝါး သတင်းများအရ စောင့်ဆိုင်နေစဉ် ရန်နိုင်သန်းရွှေ(ခ) ရန်နိုင်(ခ) ရာဇာ ဆိုသူသည် TRI CKER အမျိုးအစား ဆိုင်ကယ်တစ်စီးအား စီးနင်းလာခဲ့ရာ ပူးပေါင်းအဖွဲ့မှ ရှာဖွေစစ်ဆေးခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ရှာဖွေစစ်ဆေးခဲ့ရာ အဆိုပါ ဆိုင်ကယ်စီးနင်းလာသူ၏ ကိုယ်ခန္ဒာပေါ်တွင် ၀တ်ဆင်လာသည့် အိတ်အတွင်းမှ ဆပ်ပြာခွက်များဖြင့်ထည့်လျက် သယ်ဆောင်လာသည့် ဘိန်းဖြူမှုန့်ထုပ်(၃)ထုပ်၊ အလေးချိန် (၃၃)ဂရမ်၊ ခန့်မှန်းကာလတန်ဘိုး ငွေကျပ်(၃၃)သိန်းနှင့်အတူ မူးယစ်ဆေးဝါး သယ်ဆောင် ရောင်းဝယ်ရာတွင် အသုံးပြုသည့် လက်ကိုင်ဖုန်းတစ်လုံးအား တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ အတည်ပြုချက်များအရ သိရသည်။

ထို့ကြောင့် အဆိုပါ မူးယစ်ရာဇာအား တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရန် မုံရွာနယ်မြေရဲစခန်းမှ စီးစဉ်ဆောင်ရွက်လျက်ရှိကြောင်း ကနဦး သိရှိရသည်။

ကိုတိုးကြီး
သတင်း + ဓာတ်ပုံ = ကိုတိုးကြီး
မူးယစ် ရာဇာတစ်ဦးအား မုံရွာမြို့ပေါ်ရှိ ရဲတပ်ဖွဲ့ဝင်များက ၀ိုင်းဝန်းဖမ်းဆီး မူးယစ် ရာဇာတစ်ဦးအား မုံရွာမြို့ပေါ်ရှိ ရဲတပ်ဖွဲ့ဝင်များက ၀ိုင်းဝန်းဖမ်းဆီး Reviewed by THITHTOOLWIN on 18:40 Rating: 5
Powered by Blogger.