ဗိုလ်တထောင်မြို့နယ်တွင် နေအိမ်တိုက်ခန်းပြိုကျမှုဖြစ်


ရန်ကုန်၊ စက်တင်ဘာ ၁၇

စက်တင်ဘာ ၁၇ ရက်နေ့ နေ့လယ် ၁၂း၅၀ အချိန်တွင် ဗိုလ်တထောင်မြို့နယ်၊ အမှတ် ၄ ရပ်ကွက်၊ ၅၅ လမ်းတွင် နေအိမ်တိုက်ခန်းပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းသို့ဖြစ်ပွားခဲ့သည့် နေရာသို့ ဗိုလ်တထောင်မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး ရာ အဆိုပါနေရာရှိ (၄)ခန်းတွဲ (၂) ထပ် ပေ ၆၀ ၊ ၁၂ ပေခွဲ အကျယ်ဝန်းရှိ အပေါ်ထပ်ဝဲဘက်အစွန်းဆုံးအခန်း ၏ နောက်ဖေးမီးဖိုးချောင် အကျယ် အလျား ၁၂ပေ၊ အနံ ၁၂ ပေ
ခန့်ရှိ ကွန်ကရစ်ကြမ်းခင်းနှင့်အောက်ထပ် နံရံမှာ သက်တမ်းလွန်ဟောင်းနွမ်းသဖြင့် ပြိုကျခဲ့ခြင်းဖြစ်ကြောင်းနှင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သတင်းရရှိသည်။

Yangon Police
https://www.facebook.com/yangonpolice/
ဗိုလ်တထောင်မြို့နယ်တွင် နေအိမ်တိုက်ခန်းပြိုကျမှုဖြစ် ဗိုလ်တထောင်မြို့နယ်တွင် နေအိမ်တိုက်ခန်းပြိုကျမှုဖြစ် Reviewed by THITHTOOLWIN on 18:56 Rating: 5
Powered by Blogger.