မောင်တော၌ အကြမ်းဖက်တိုက်ခိုက်မှုတွင် ပါဝင်သော ပြစ်မှုကျူးလွန်သူများအား ဥပဒေနှင့်အညီ အရေးယူလျက်ရှိ

အကြမ်းဖက်သမားများ မီးရှို့ဖျက်ဆီးထားသော နေအိမ်ကို တွေ့ရစဉ် (ဓာတ်ပုံ- သတင်းထုတ်ပြန်ရေးကော်မတီ)
    ရန်ကုန်၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)

    ရခိုင်ပြည်နယ် မောင်တောမြို့၌ ARSA အစွန်းရောက်အကြမ်းဖက်သမားများက အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက် အကြမ်းဖက်တိုက်ခိုက်မှုတွင် ပါဝင်သော ပြစ်မှုကျူးလွန်သူများအား ဥပဒေနှင့် အညီအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

မောင်တောမြို့နယ်နေအိမ်များကို မီးရှို့ဖျက်ဆီးသော တရားခံများ၊ လူသတ်မှုကျူးလွန်သော တရားခံများအား အမှုဖွင့် အရေးယူလျက်ရှိကြောင်း သိရသည်။

မောင်တောမြို့နယ်တွင်း ထွက်ပြေးတိမ်းရှောင်သွားသည့် ကျေးရွာအချို့တွင် လူမရှိသည့် နေရာများသို့ သွားရောက် ခြင်း၊ ပစ္စည်းများလုယူခြင်းနှင့် မီးရှို့ခြင်းများကို လူအချို့က ဆောင်ရွက်သည့် သတင်းများအရ မောင်တော ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူးတို့က ညမထွက်ရအမိန့် ပုဒ်မ (၁၄၄) ကို သြဂုတ်လ ၂၅ ရက်နေ့တွင် နံနက် ၆ နာရီမှ ညနေ ၆ နာရီထိ သတ်မှတ်ကြောင်း တိုးမြှင့်ထုတ်ပြန်၍ ကန့်သတ်နယ်မြေများသို့ ဝင်ရောက်ခြင်းမပြုရန်နှင့် ဥပဒေနှင့်အညီ အရေးယူမှုများ ပြုလုပ်သွားရန် ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
မောင်တော၌ အကြမ်းဖက်တိုက်ခိုက်မှုတွင် ပါဝင်သော ပြစ်မှုကျူးလွန်သူများအား ဥပဒေနှင့်အညီ အရေးယူလျက်ရှိ မောင်တော၌ အကြမ်းဖက်တိုက်ခိုက်မှုတွင် ပါဝင်သော ပြစ်မှုကျူးလွန်သူများအား ဥပဒေနှင့်အညီ အရေးယူလျက်ရှိ Reviewed by THITHTOOLWIN on 18:16 Rating: 5
Powered by Blogger.