မြောက်ဥက္ကလာပမြို့နယ်တွင် လူသတ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိအရေးယူ


ရန်ကုန်၊ စက်တင်ဘာ ၂၃

စက်တင်ဘာ ၂၂ ရက်နေ့ ည ၈နာရီ ၂၀မိနစ်အချိန်တွင် မြောက်ဥက္ကလာပမြို့နယ်၊ (၁)ရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် လူငယ်များ ဓားလက်နက်များ ကိုင်ဆောင်ကာ ခိုက်ရန်ဖြစ်ပွားလျက်ရှိကြောင်း မြောက်ဥက္ကလာပမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ သတင်းရရှိ၍ သွားရောက်
စစ်ဆေးခဲ့ပါသည်။

 အဆိုပါနေရာတွင် မြောက်ဥက္ကလာပမြို့နယ်နေ သူများဖြစ်သည့် စန်းဝင်းအောင်၊ (၂၈)နှစ်၊ မင်းသူ၊ (၂၂)နှစ်တို့နှစ်ဦးအား ဇေယျကျော်(၂၂)နှစ်မှ အရိုးအသွား ၂၇ လက်မခန့်ရှိ သံရိုးတပ်ဓားရှည်ဖြင့် ၀င်ရောက်၍ ထိုးခုတ်ခဲ့ပြီး နေမင်းထက်၊ (၁၄)နှစ်မှ ၀င်ရောက် လုံးထွေးသတ်ပုတ်ခဲ့သဖြင့် စန်းဝင်းအောင်တွင် ဓားဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ လဲကျသေဆုံးနေပါသည်။

 မင်းသူ တွင် နဖူးပြတ်ရှ၊ ယာရင်အုံနှင့် ၀ဲလက်ဖ၀ါးပွန်းရှဒဏ်ရာ များရရှိခဲ့သဖြင့် မြောက်ဥက္ကလာပဆေးရုံတွင် အတွင်းလူနာ(မစိုးရိမ်ရ) တင်ပို့ကုသရသောကြောင့် မြောက်ဥက္ကလာပ မြို့မ ရဲစခန်း(ပ)၁၀၄၀/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆/၁၁၄ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့သည်။

အမှုမှပြစ်မှုကျူးလွန်သူ ဇေယျကျော်နှင့် နေမင်းထက်တို့နှစ်ဦးအား ည ၉ နာရီခွဲအချိန်တွင် မြောက်ဥက္ကလာပ မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက အခင်းဖြစ်နေရာအနီးမှ ဖမ်းဆီးရမိခဲ့သဖြင့် စစ်ဆေးခဲ့ရာ စက်တင်ဘာ ၂၀ ရက်နေ့က ပြစ်မှုကျူးလွန်သူ နေမင်းထက်ကို သေဆုံးသူ စန်းဝင်အောင်
မှ အနိုင်ကျင့်ပါးရိုက်ခဲ့သဖြင့် မကျေမနပ်ဖြစ်ကာ ပြစ်မှုကျူးလွန် ခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပြီး ဇေယျကျော်နှင့် နေမင်းထက်တို့အား ဥပဒေနှင့်အညီ အမှုဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Yangon Police
https://www.facebook.com/yangonpolice/
မြောက်ဥက္ကလာပမြို့နယ်တွင် လူသတ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိအရေးယူ မြောက်ဥက္ကလာပမြို့နယ်တွင် လူသတ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိအရေးယူ Reviewed by THITHTOOLWIN on 18:30 Rating: 5
Powered by Blogger.