ဒိုင်နာကားမှ ဝါးကားကြီးအား နောက်မှကပ်လိုက် အရှိန်မထိန်းနိုင်ဘဲ ယာဉ်တိုက်မှုဖြစ်ပွား အမျိုးသမီးတစ်ဦးသေဆုံး


မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် တောင်တွင်းကြီး-မကွေး ကားလမ်းမကြီး ရွာတော်ကျေးရွာအနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားသွားခဲ့ရာ အမျိုးသမီးတစ်ဦးသေဆုံး သွားကြောင်းမိကျောင်းရဲ နယ်မြေရဲစခန်း ရဲစခန်းမှူးရဲအုပ် စန်းလွင်မှပြောပြသိရှိရသည်။

၂၀၁၇ ခုနှစ် စက် ၂၉ ရက်နေ့ ( ၁၂၁၀ ) အချိန်ခန့် နယ်မြေရဲစခန်းမှူး ရဲအုပ်စန်းလွင်မှ စခန်းမှူးတာဝန်ဝတ္တရားများ ဆောင်ရွက်နေစဉ် တောင်တွင်းကြီး-မကွေး ကားလမ်းမကြီး မိုင်တိုင်အမှတ် ( ၃၀၅/၆ နှင့် ၃၀၅/၇ ) အကြား ရွာတော်ကျေးရွာအနီး ယာဉ်တိုက်မှုဖြစ်ပွားသွားကြောင်း သတင်းအရ သက်သေဦးအောင်ကျော်သန်း အုပ်/မှူး ကနီကျေးရွာ မကွေးမြို့နယ် ဦးအေးလွင် ရွာခွဲတာဝန်ခံ ရွာတော်ကျေးရွာ မကွေးမြို့နယ်တို့နှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်ဟု ဆို၏ ။


ဖြစ်စဉ်မှာ တောင်တွင်းကြီးဘက်မှ မကွေးဘက်သို့ ယာဉ်မောင်း မင်းစိုး အသက် (၃၈/၂၀၁၇) နှစ် ( ဘ ) ဦးပြေမောင်း လဲဘူးကျေးရွာ နတ်မောက်မြို့နယ် နေထိုင်သူမောင်းနှင်လာသည့် ယာဉ်အမှတ် 2B--------NISSAN ယာဉ်မှာ ဝါးများသယ်ဆောင်၍ မောင်းနှင်လာခဲ့သော ကားမှာ အတက်ဖြစ်၍ ဂီယာချိန်းစဉ် ရပ်တန့်သွားခဲ့ပြီး ၄င်းယာဉ်၏နောက်မှ ကပ်လျှက်လိုက်ပါလာသည့် ဘိုအောင် အသက် ( ၃၈/၂၀၁၇ ) နှစ် ( ဘ ) ဦးညီလေး ကန်တော်လေးရွာ မကွေးမြို့နယ် နေထိုင်သူ မောင်းနှင်လာသည့် 8B/ ------- ဒိုင်နာအမျိုးအစား မော်တော်ယာဉ်မှ အရှိန်ပြင်းစွာဖြင့် မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်တော့ဘဲ ၄င်း၏ရှေ့မှ မင်းစိုးမောင်းနှင်သည့် ဝါးကားနောက်ပိုင်းအား ဝင်ရောက်တိုက်မိရာ ဘိုအောင်မောင်းနှင်သော ကားရှေ့ခန်းတွင် လိုက်ပါလာသူ မမူမူ အသက် ( ၂၇/၂၀၁၇ ) နှစ် ( ဘ ) ဦးညီလေး မှီခို ကန်တော်လေးရွာ မကွေးမြို့နယ်နေသူမှာ ပါးစပ်မှသွေးယိုစီးပြီး ရင်ဘတ်ကြေမွဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင်သေဆုံးပြီး ၄င်း၏ဝဲဘက်ဘေး ကပ်လျှက်စီးနှင်းလိုက်ပါလာသူ တစ်ရွာတည်းနေ ဦးအုန်းမြင့် အသက် ( ၈၀/၂၀၁၇ ) နှစ် ( ဘ ) ဦးလှဝင်းမှာ ဝဲ/ယာ မျက်ခုံးများပေါက်ပြဲဒဏ်ရာ နှုတ်ခမ်းများပေါက်ပြဲဒဏ်ရာ ရင်ဘတ်အောင့်ဒဏ်ရာ ( စိုးရိမ်ရ ) ရရှိသဖြင့် ရဲဆေးစာပြုလုပ် မကွေးတိုင်းပြည်သူဆေးရုံသို့ တင်ပို့ထားရှိကြောင်းသိရှိရသည် ။

ထိုသို့ဖြစ်စဉ်နှင့်ပတ်သက်ပြီး မိချောင်းရဲ ရဲစခန်းမှ ၂၀၁၇ ခုနှစ် စက် ၂၉ ရက် ( ၁၅၃၀ ) အချိန်တွင် မော်တော်ယာဉ်အား မဆင်မခြင်မောင်းနှင်ကြသူ မင်းစိုး နှင့် ဘိုအောင်တို့အား မိချောင်းရဲ နယ်မြေရဲစခန်း ယာဉ် (ပ) ၁၆/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၄- က/၃၃၈ ဖြင့်အရေးယူ အမှုဖွင့်ထားရှိပြီး အမှုအား နယ်မြေရဲစခန်းမှူး ရဲအုပ်စန်းလွင်မှ ဆက်လက်စစ်ဆေး ဆောင်ရွက်နေကြောင်း သတင်းရရှိပါသည် ။

လှိုင်ဘွား ( မြို့သစ် )
ဒိုင်နာကားမှ ဝါးကားကြီးအား နောက်မှကပ်လိုက် အရှိန်မထိန်းနိုင်ဘဲ ယာဉ်တိုက်မှုဖြစ်ပွား အမျိုးသမီးတစ်ဦးသေဆုံး ဒိုင်နာကားမှ ဝါးကားကြီးအား နောက်မှကပ်လိုက် အရှိန်မထိန်းနိုင်ဘဲ ယာဉ်တိုက်မှုဖြစ်ပွား အမျိုးသမီးတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 23:32 Rating: 5
Powered by Blogger.